Anti-cheat software BattleEye and Easy Anti-Cheat will support Valve’s Steam Deck

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.9.2021 | Valve ရဲ့ Steam Deck ကို Anti-cheat software BattleEye နှင့် Easy Anti-Cheat တို့မှ အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေငြာ

Anti-cheat software များဖြစ်တဲ့ BattleEye နဲ့ Easy Anti-Cheat တို့မှ Valve ရဲ့ handheld PC (console) Steam Deck ကို support ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကို Twitter ပေါ်တွင် အတည်ပြုကြေငြာမှုများ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ 

Destiny 2, Rainbow Six Siege, နဲ့ PUBG ကဲ့သို့သော game များတွင် အသုံးပြုထားတဲ့ BattleEye မှ “၎င်းတို့ဟာ Linux နှင့် MacOS တို့ကို ယခင်ကတည်းက support ပေးခဲ့တဲ့အပြင် ယခုအခါတွင် အသစ်ထွက်ရှိလာမည့် Steam Deck (Proton OS) ကိုလည်း support ပေးသွားမှာဖြစ်ပါတယ်” ဟူ၍ Twitter ပေါ်တွင် ပြောကြားခဲ့ပါတယ်။ 

Anti-cheat software များဟာ စောင့်ကြပ်ကြည့်ရှုမှုများကိုပြုလုပ်နိုင်ရန် system ရဲ့ resource များကို အသုံးပြုကြရမှာဖြစ်တဲ့အတွက် frame rate နဲ့ performance ပိုင်းတွင် ကျဆင်းမှုများရှိလာနိုင်ချေတော့ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။