Another COVID vaccine was approved by FDA to use in the US

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.12.2020 | အမေရိကန်နိုင်ငံအတွင်း အသုံးပြုရန် နောက်ထပ် COVID ကာကွယ်ဆေးတစ်မျိုးကို FDA မှ ခွင့်ပြုချက်ရရှိခဲ့

ဒီဇင်ဘာလ ၁၈ ရက်နေ့ သောကြာနေ့တွင် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ Moderna ဟု အမည်ရသောကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်သော COVID-19 ကာကွယ်ဆေး တစ်မျိုးကို အရေးပေါ်အသုံးပြုခွင့် ထုတ်ပြန်ပေးအပ်ခဲ့ပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်အဖြေများကို စစ်ဆေးအကဲဖြတ်မှုများပြုလုပ်ခြင်းကို FDA ရဲ့ Vaccines and Related Biological Products Advisory Committee မှ ပြုလုပ်ခဲ့ကြောင်းကိုလည်း arstechina မှ သတင်းများအရ သိရှိခဲ့ရပါတယ်။

အဆိုပါဓါတ်ခွဲစမ်းသပ်ချက်အဖြေများဟာ အရေးပေါ်အသုံးပြုခွင့်ကို ရရှိရန်အတွက် ကြိုတင်စာရင်းပေးသွင်းထားသော လူပေါင်း ၃၀,၀၀၀ ကျော်ခန့်အား စမ်းသပ်ချက်များပြုလုပ်ပြီး တင်ပြနိုင်ခဲ့တဲ့ အတွက် ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါကာကွယ်ဆေးကို FDA ထံမှ ပထမဦးဆုံးခွင့်ပြုချက်ရရှိခဲ့သော Pfizer နဲ့ BioNTech တို့မှ အသုံးပြုခဲ့တဲ့ တူညီသော RNA နည်းပညာကို အခြေခံထုတ်လုပ်ထားတာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသေးတယ်။

အမေရိကန်အစိုးရကတော့ Moderna ကာကွယ်ဆေးကို ဓါတ်ခွဲစမ်းသပ်ချက်အဖြေများမထွက်မှီကတည်းကပင် ကြိုတင်၍ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန်နိုင်ငံသားများအနေနဲ့ Moderna ကာကွယ်ဆေးကို ၂၁ ရက်နေ့တွင် စတင်ရရှိနိုင်တော့မှာဖြစ်ပါတယ်။ သို့ပါသော်လည်း အဆိုပါ ကာကွယ်ဆေးကို လူအများစုအတွက် ရရှိနိုင်ဦးမှာတော့မဟုတ်ပဲ ပထမဆုံးထွက်ရှိလာမည့် ကာကွယ်ဆေးများကို ကျန်းမာရေးလုပ်သားများနဲ့ ပြင်းထန်သော COVID-19 ရောဂါဖြစ်ပွားနိုင်ခြေရှိနေတဲ့သူများကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။