Android 12 new feature and estimate release date 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.2.2021 | Android 12 တွင် ပါဝင်လာမည့် လုပ်ဆောင်ချက်အသစ်နှင့် ထွက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည့်ရက် 

Express.co.uk မှ သတင်းများအရ - Android 12 ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။ Official ချပြမှုများမတိုင်မှီ Google အသုံးပြုသူများအနေနဲ့ XDA Developers မှ ထုတ်ပြန်ပေးချက်များအရ update အသစ်တွင် ပါဝင်လာနိုင်မည့် လုပ်ဆောင်ချက်အချို့ကို သိရှိနိုင်ရန်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

XDA မှ ပေးပို့လိုက်တဲ့ အစောပိုင်းစာရွက်စာတမ်း ဓါတ်ပုံများအရ - Inbound UI နဲ့ functionality changes အချို့ ရှိလာမှာဖြစ်သလို Google မှ နှစ်အတန်ကြာစမ်းသပ်ဆောင်ရွက်လျှက်ရှိသော လုပ်ဆောင်ချက်အသစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်ကြောင်းကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ 

Leaked ဖြစ်လာတဲ့ သတင်းဓါတ်ပုံများအရ Google ဟာ သူတို့ ၂ နှစ်ကျော်ခန့် စမ်းသပ်ထားတဲ့ privacy feature အသစ်များကို Android 12 တွင် ထည့်သွင်းသွားနိုင်ခြေရှိနေပါတယ်။ အဆိုပါ feature ကတော့ status bar icon တစ်ခုဖြစ်ပြီး app များဟာ device ရဲ့ ကင်မရာ (သို့) မိုက်ခရိုဖုန်းကို အသုံးပြုနေသလားဆိုတာကို ပြသပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ icon ကို click ပြုလုပ်လိုက်ပါက pop-menu တစ်ခုပေါ်လာမှာဖြစ်ပြီး ဘယ် app များဟာ ကင်မရာ (သို့) မိုက်ခရိုဖုန်းကို အသုံးပြုနေသလဲဆိုတာကို အတိအကျ ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်နဲ့အတူ privacy setting အပြောင်းအလဲအချို့နှင့် အခြားသော လုပ်ဆောင်ချက်များကိုလည်း အပြောင်းအလဲများပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။