An Error from Verizon has been leaking customers’ personal information

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.12.2020 | Verizon မှ error တစ်ခုကြောင့် Customer များရဲ့ Personal Information များ ပေါက်ကြားခဲ့

Verizon ဟာ လက်ရှိအချိန်တွင် Customer များရဲ့ အသေးစိတ်ကိုယ်ရေးအချက်အလက်များကို Verizon ရဲ့ subscriber များအနေနဲ့ သူတို့နေရာတွင် Fios ဝန်ဆောင်မှုများကို ရရှိနိုင်သလားဆိုတာကို သိရှိနိုင်စေရန် ပြုလုပ်ထားတဲ့ Chat System မှတဆင့် ပေါက်ကြားမှုများကို ပြင်ဆင်နေဆဲဖြစ်တယ်ဟူ၍ Arstechina.com မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။

Ars မှ တွေ့ရှိခဲ့တဲ့ အချို့သော Message များဟာ ဇွန်လကတည်းက ရှိနေခဲ့တာဖြစ်တဲ့အတွက် Verizon ဟာ Customer များရဲ့ ကိုယ်ရေးအချက်အလက်များကို လပေါင်းများစွာ သိရှိခြင်းမရှိပဲ ပေါက်ကြားမှုများ ဖြစ်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။ အသုံးပြုသူများက Verizon ရဲ့ကိုယ်စားလှယ်တစ်ဦးနဲ့ပြောဆိုရန်အတွက် click ပြုလုပ်လိုက်တဲ့အခါမှာ အဆိုပါ အသေးစိတ် ကိုယ်ရေးအချက်အလက်များဟာ အလိုအလျှောက်ပြသနေခဲ့တာဖြစ်ပါတယ်။ အဆိုပါ Chat window ပွင့်သွားတာနဲ့ တပြိုင်နက် အခြား Customer များနဲ့ ပြောဆိုထားခဲ့တဲ့ conversation များကို အသုံးပြုသူများမှ တွေ့မြင်နိုင်ပြီး အဆိုပါ transcript များတွင် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အကောင့်နံပါတ်များနဲ့ အခြားသောအချက်အလက်များ ပါဝင်နေပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ error အကြောင်းကို Ars မှ တွေ့ရှိခဲ့ပြီး ချက်ခြင်း Verizon Representative များထံသို့ အကြောင်းကြားပေးခဲ့ပြီးနောက် Verizon အနေနဲ့ အဆိုပါ အားနည်းချက်ကို ပြင်ဆင်နိုင်ရန်အတွက် စောင့်ဆိုင်းပေးခဲ့သော်လည်း ပေါက်ကြားမှုများဆက်လက်ဖြစ်ပွားနေတဲ့အတွက် “အဆိုပါဝန်ဆောင်မှုအား အသုံးပြုခဲ့သူများအနေနဲ့ သူတို့ရဲ့ကိုယ်ရေးအချက်အလက်များ ပေါက်ကြားနိုင်ချေရှိနေခြင်းကို အသိပေးနိုင်ရန်” ဟုဆိုကာ ယခုသတင်းအား ထုတ်ပြန်ကြေငြာပေးခဲ့ခြင်းဖြစ်တယ်ဟူ၍ သိရှိခဲ့ရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။