Amazon Warehouse Manager faces a lawsuit and 20 years in prison for stealing $273,000 worth of computer parts

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.2.2022 | ကန်ဒေါ်လာ ၂၇၃,၀၀၀ တန်ကြေးရှိ ကွန်ပျူတာအစိတ်အပိုင်းများကို ခိုးယူမှုကြောင့် ထောင်ဒါဏ် နှစ် (၂၀) ချမှတ်ခံရတော့မယ့် Amazon Warehouse Manager

အသက် (၂၇) နှစ်အရွယ် Amazon warehouse operations manager တစ်ဦးဟာ ကန်ဒေါ်လာ ၂၇၃,၀၀၀ တန်ကြေးရှိ ကုန်ပစ္စည်းများကို လိမ်လည်ခိုးယူမှုပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်ပြီဖြစ်ပြီး ၎င်းရဲ့ ပြစ်ဒါဏ်ကို လျှော့ပေါ့စဉ်းစားပေးရန် လျှောက်ထားမှုပြုလုပ်ခဲ့တယ်လို့ အမေရိကန်တရားရေးရာဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဇွန်လ၊ ၂၀၂၀ ခုနှစ် နှင့် စက်တင်ဘာလ၊ ၂၀၂၁ ခုနှစ်အတွင်းတွင် Douglas Wright Jr. လို့အမည်ရတဲ့ Amazon Charlotte ပြည်နယ် ဂိုထောင်ရဲ့ operations manager တစ်ဦးဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အကိုအသုံးချပြီး ကန်ဒေါ်လာ ၂၇၃,၀၀၀ ကျော် တန်ကြေးရှိသော internal hard drive များနှင့် processor များကဲ့သို့သော ကွန်ပျူတာအစိတ်အပိုင်းများကို ခိုးယူမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှုတွင်တော့ Wright က အဆိုပါကုန်ပစ္စည်းများကို သူ့ရဲ့နေအိမ်သို့ တင်ပို့ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လက်က္ကားအရောင်းဆိုင်တစ်ခုထံ ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြစ်ဒါဏ်ကိုလျှော့ပေါ့စဉ်းစားပေးရန် လျှောက်ထားခဲ့တယ်လို့ သိရှိရပါတယ်။ Wright ဟာ လက်ရှိအခြေအနေအရ ထောင်ဒါဏ်နှစ် (၂၀) အပြင် ကန်ဒေါ်လာ ၂၅၀,၀၀၀ ကို ဒါဏ်ကြေးအဖြစ်ပေးဆောင်ရနိုင်ဖွယ်ရှိနေပြီး အတည်ပြုပြစ်ဒါဏ်ချမှတ်မည့်ရက်ကိုတော့ အတိအကျထုတ်ပြန်ကြေငြာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။