Amazon signed an agreement to buy iRobot

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.8.2022 | Amzon မှ iRobot ကိုဝယ်ယူရန် သဘောတူညီချက်ရေးထိုးခဲ့ 

Amazon မှ Roomba စက်ရုပ်ဖုန်စုပ်စက်များကို ထုတ်လုပ်ရောင်းချနေသောကုမ္ပဏီတစ်ခုဖြစ်တဲ့ iRobot ကို ဝယ်ယူဖို့အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါသဘောတူညီချက်ဟာ ကန်ဒေါ်လာ ၁.၇ သန်းခန့် ကုန်ကျမှာဖြစ်ပြီး Amazon က iRobot ကို ရှယ်ယာတစ်ခုလျှင် ကန်ဒေါ်လာ ၆၁ ကျပ်နှုန်းဖြင့်ဝယ်ယူသွားမှာဖြစ်ပြီး အလုံးစုံကို ငွေသားဖြင့်ပေးချေသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

iRobot ဟာ စက်ရုပ်ဖုန်စုပ်စက်များကို ၂၀၀၂ ခုနှစ်ခန့်ကစတင်၍ ထုတ်လုပ်လျှက်ရှိနေတာဖြစ်ပြီး ၎င်းတို့ရဲ့ လူကြိုက်များတဲ့ Roomba ဖုန်စုပ်စက်များကို သန်းနှင့်ချီပြီးရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့အစောပိုင်းမှာ iRobot မှ ၎င်းတို့ရဲ့ နောက်ဆုံးပေါ် iRobot OS ကို စတင်ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဆိုပါ OS ဟာ ၎င်းတို့ရဲ့ သန့်ရှင်းရေးစက်ရုပ်များအတွက် AI ဖြင့်ထောက်ပံ့ပေးထားသော platform တစ်ခုဖြစ်ပါတယ်။ iRobot OS ဟာ Roomba ရဲ့ ထုတ်ကုန်များကို အခြားအပြိုင်အဆိုင်များနှင့် ကွဲပြားမှုရှိစေရန်အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး သန့်ရှင်းရေးစက်ရုပ်များထုတ်လုပ်ရေးနယ်ပယ်ဟာ ပိုမု၍အပြိုင်အဆိုင်များပြားလာတာနဲ့အမျှ software လုပ်ဆောင်ချက်များနဲ့ စွမ်းဆောင်ရည်အသစ်များကို ထည့်သွင်းပေးဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။