Amazon’s retail CEO is resigning after 23 years

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.6.2022 | (၂၃) နှစ်ကြာ အမေဇွန်တွင် လုပ်ကိုင်ခဲ့ပြီးနောက် လက်လီအရောင်းဌာနရဲ့ CEO ရာထူးမှနှုတ်ထွက် 

Amazon ရဲ့ CEO of worldwide consumer business အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူ Dave Clark ဟာ ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ နှုတ်ထွက်တော့မှာဖြစ်ကြောင်း Amazon က ဇွန်လ (၃) ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။ 

Clark ဟာ Amazon နဲ့ ၂၃ နှစ်ကြာ လက်တွဲလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ကုမ္ပဏီရဲ့ ကျယ်ပြန့်ပြီး လျှင်မြန်စွာရွေ့လျားနေတဲ့ supply chain ကို တည်ဆောက်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ Amazon ကုမ္ပဏီရဲ့ CEO ဖြစ်သူ Andy Jassy သို့ တိုက်ရိုက်တင်ပြခွင့်ရှိတဲ့ ထိပ်တန်း executive (၂) ဦးအနက်မှ တစ်ဦးဖြစ်သူလည်းဖြစ်ပါတယ်။ Clark ဟာ “အခြားသော အခွင့်အလမ်းတွေကို ရယူနိုင်ဖို့အတွက်” resign ပြုလုပ်တော့မှာဖြစ်ပါတယ်လို့ Jassy က ရေးသားထားခဲ့တာကို Amazon က public သို့ ချပြခဲ့ပါတယ်။ 

Clark ကလည်း ၎င်းရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး ဝန်ထမ်းများထံသို့ e-mail ပေးပို့ရာတွင် အောက်ပါအတိုင်းရှင်းပြခဲ့ပါတယ် “Amazon ကနေထွက်ခွာဖို့ ကျွန်တော့မိသားစုနဲ့ အခြားနီးစပ်သောသူများနဲ့အတူ အချိန်တစ်ခုကြာအောင် ကျနော်တိုင်ပင်ခဲ့ပြီးပြီဖြစ်ပါတယ် ဒါပေမယ့် ကျနော့်ရဲ့ team ဟာ အောင်မြင်မှုတွေကို ဆက်လက်ပြီးဆောင်ကြဉ်းနိုင်ဖို့ သေချာအောင်ဆောင်ရွက်ပေးခဲ့ချင်ပါသေးတယ်” “အဲဒီအချိန်က အခုအချိန်ပဲဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟူ၍ Twitter ပေါ်တွင် သူက ရေးသားထားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။