Amazon One’s contactless payment with your hand is expanding greatly

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.4.2021 | Amazon One ရဲ့ ထိတွေ့မှုမရှိပဲ ငွေပေးခြေနိုင်မည့် စနစ်အား အသုံးပြုမှုတွင်ကျယ်လာ

Amazon မှ သူတို့ရဲ့ ထိတွေ့မှုမရှိပဲငွေပေးခြေနိုင်မယ့်နည်းလမ်းများကို Whole Foods Market စတိုးဆိုင်များတွင်ပါ ချဲ့ထွင်၍ ရရှိနိုင်အောင် ပြုလုပ်သွားတော့မှာဖြစ်ကြောင်း Blog post တစ်ခုတွင် Amazon မှ ကြေငြာသွားခဲ့ပါတယ်။

Amazon One ဟာ သင့်ရဲ့ကဒ်ကို လက်ဝါးပြင်ပေါ်မှ လက္ခဏာများနှင့် ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး ငွေပေးချေစရာ လိုအပ်သည့် ကိစ္စရပ်တိုင်းတွင် စက်ပေါ်သို့ လက်ကိုဝှေ့ရမ်းလိုက်ရုံဖြင့် ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ ယခင်က အဆိုပါလုပ်ဆောင်ချက်အား Amazon Go, Amazon Books နဲ့ အခြား Amazon ရဲ့ သေးငယ်သော စတိုးဆိုင်များတွင်သာ ရရှိနိုင်သေးသော်လည်း ယခုအခါတွင်တော့ Amazon ဟာ အဆိုပါနည်းပညာအား Seattle မြို့ Whole Foods Market တွင် တပ်ဆင်လိုက်ပြီဖြစ်ပြီး အနီးအနားရှိ အခြားသောနေရာ (၇) ခုအားလည်း အလားတူတပ်ဆင်ပေးသွားဖို့ စီစဉ်လျှက်ရှိနေပါတယ်။

စက်တင်ဘာလ ၂၀၂၀ ခုနှစ်တွင် စတင်မိတ်ဆက်ပေးခဲ့သော Amazon One ဟာ အတော်လျှင်မြန်စွာ အသုံးပြုမှုတွင်ကျယ်လာခဲ့ပြီး Amazon ရဲ့ ပြောဆိုချက်အရ Customer များထံမှ ပြန်လည်ပြောဆိုမှုများဟာ ငွေပေးခြေမှုစနစ်ရဲ့ မြန်ဆန်ပုံနဲ့ လက်က္ခဏာကိုချိတ်ဆက်ရာတွင် လွယ်ကူတဲ့အပြင် ထိတွေ့မှုမရှိတဲ့ ငွေပေးခြေမှုစနစ်တစ်ခုဖြစ်တဲ့အတွက် လွန်စွာကောင်းမွန်လျှက်ရှိပြီး Amazon အနေနဲ့ အဆိုပါဝန်ဆောင်မှုကို အခြားသော third-party လက်လီအရောင်းဆိုင်များသို့ပါ တပ်ဆင်ပေးသွားရန် အစီစဉ်ရှိကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။