Amazon Fire TV Cube 2019

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.5.2020 | Amazon Fire TV Cube 2019

Amazon Fire TV Cube 2019 ပေါ်တွင် သင်ဟာ Netflix မှ ရုပ်ရှင်များကို 4K resolution၊ Dolby Atmos အသံစနစ်တို့ဖြင့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Amazon ရဲ့ အသစ်တည်ထောင်ထားတဲ့ LLC ကုမ္ပဏီမှ Fire TV media player နှင့် Echo Dot smart speaker တို့ကိုပေါင်းစပ်ပေးသည့် device တစ်ခုကို တီထွင်ပြုလုပ် ခဲ့ပါသည်။

ယခင်အတိုင်းရှိနေမည့် remote control အပြင်၊ အဆိုပါ ကုဗတုံးပုံစံ device ဟာ digital assistant Alexa မှတဆင့် အသံဖြင့်အမိန့်ပေးခိုင်းစေမှု (voice command) များကိုနားထောင်ကာ တုန့်ပြန်လုပ်ဆောင်မှုများကိုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အပေါ်ဖက်မျက်နှာပြင်အောက်ရှိ လိုင်း (၂) လိုင်းဖြင့် စီတန်းထားသော မိုက်ကရိုဖုန်း (၈) ခုဟာ အဆိုပါလုပ်ဆောင်ချက်အတွက် အသုံးပြုထားတာဖြစ်ပါတယ်။

အဆိုပါ device ဟာ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အတွက် ကွဲပြားစွာထုတ်လုပ် ထားပြီး ပါဝင်လာမည့် application များနှင့် ဝန်ဆောင်မှုများ (services) ဟာလည်း တူညီမှာမဟုတ်ပါဘူး။ Netflix နှင့် YouTube သို့ဝင်ရောက်နိုင်ရန်အတွက်ကိုသာ တူ ညီစွာထည့်သွင်းထားပါတယ်။ US version တွင်သာ Cable TV နှင့်ချိတ်ဆက်အသုံးပြု နိုင်ရန် အထောက်အပံ့ပေးထားမည်ဖြစ်ပါသည်။ သုံးစွဲသူတစ်ဦးမှ Amazon က ဝယ် ယူမည့် digital content (ဒီဂျစ်တယ် ရုပ်ရှင်၊ ဗီဒီယို၊ သီချင်း) များကို cloud storage ပမာဏ (cloud storage capacity) ကို အသုံးပြုကာ သိမ်းဆည်းထားနိုင်မှာဖြစ်ပါ တယ်။

ဒီဒုတိယမျိုးဆက် Fire TV Cube (2019 မော်ဒယ်ဟုလည်းညွှန်းဆိုကြသည်) ဟာ ကုဗတုံးပုံစံဖြစ်ပီး 86.1 mm x 86.1 mm x 76.9 mm ရှိကာ၊ အလေးချိန်မှာ 465 gram ရှိပါတယ်။ HDMI port ဟာ TV နှင့်ချိတ်ဆက်ရာတွင်အသုံးပြုရန်ဖြစ်သော်လည်း cable ကြိုးပါဝင်မှာမဟုတ်တဲ့အတွက် အသုံး ပြုသူမှ သင့်လျှော်တဲ့ cable ကြိုးကို မိမိတို့အစီအစဉ်နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

 

Unicode

 






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။