Amazon announced to pay a bonus to their employees for Christmas

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.12.2020 | Amazon မှ သူတို့ရဲ့ဝန်ထမ်းများကို Christmas တွင် Bonus များပေးသွားမည်ဟု ကြေငြာခဲ့ 

ပထမဆုံးအကြိမ်အနေနဲ့ Amazon ရဲ့ အမြတ်ရရှိမှုများဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံကျော်ခဲ့သော ယခုနှစ်ရဲ့ နောက်ဆုံး ၃ လတာကာလတွင် Amazon မှ သူတို့ရဲ့ ရှေ့တန်းတွင်အလုပ်လုပ်နေသော ဝန်ထမ်းများကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်အကုန်အကျခံ၍ “one-time Christmas bonus” ကို ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

Amazon ရဲ့ Head of Operations တစ်ဦးဖြစ်သူ Dave Clark မှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားသွားခဲ့သည်မှာ အမေရိကန်နိုင်ငံအတွင်း ဒီဇင်ဘာ ၀၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေရာချထားမည့်  အချိန်ပြည့်ဝန်ထမ်းများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ပေးအပ်သွားမှာဖြစ်ပြီး အချိန်ပိုင်းဝန်ထမ်းများ ကိုတော့ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ပေးအပ်သွားမှာဖြစ်ပါတယ်။ UK တွင် အလုပ်လုပ်ကိုင်နေရသော ဝန်ထမ်းများအနေနဲ့လဲ ဗြိတိန်ပေါင်ငွေ ၃၀၀ နှင့် ၁၅၀ အသီးသီး ရရှိသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 


Mr Clark မှ ရေးသားချက်အရ “ကမ္ဘာတစ်လွှားရှိ သူတို့ရဲ့ team များအား special bonus များနဲ့ အကျိုးခံစားခွင့်များပေးအပ်ခြင်းဟာ ယခုလုပ်ဆောင်ချက်ကိုပါ ထည့်သွင်းတွက်ချက်လိုက်မည်ဆိုပါက ၂၀၂၀ ခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံ ကျော်ခန့်ရှိနေပြီဖြစ်တယ်” ဟူ၍ သိရှိရပါတယ်။ 


ယခုတစ်ခါပေးအပ်သွားမယ့် bonus များဟာ Warehouse ဝန်ထမ်းများ၊ Delivery Driver များ၊ Amazon Flex မှတဆင့် တာဝန်ထမ်းဆောင်နေသော Driver များအတွက် အကြုံးဝင်မှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း အနည်းဆုံး နာရီ ၂၀ ခန့် အလုပ်လုပ်ကိုင်ပေးခဲ့ခြင်းရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။