Alphabet Made an Announcement about a New Startup Called Intrinsic 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.8.2021 | Intrinsic ဟု အမည်ပေးထားတဲ့ ကုမ္ပဏီအသစ်တစ်ခုကို Alphabet မှ စတင်တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့

The Verge မှ သတင်းတစ်ပုဒ်အရ Google ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ စက်မှုလုပ်ငန်းသုံး စက်ရုပ်များအတွက် software များတည်ဆောက်ရေးဆွဲခြင်းကို အဓိကလုပ်ဆောင်သွားမည့် Intrinsic ဟုအမည်ပေးထားသော နောက်ထပ်ကုမ္ပဏီအသစ်တစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

ဒီကုမ္ပဏီခွဲဟာ များစွာသော နည်းပညာအသစ်များကို အဓိကထား၍လေ့လာရန်အတွက် Alphabet မှ ဖွင့်လှစ်ခဲ့တဲ့ ကုမ္ပဏီအသစ်များထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ယခင်ကလည်း Alphabet မှ Waymo ကို အလိုအလျှောက်မောင်းနှင်နိုင်မည့် ကားများစမ်းသပ်ရန်အတွက်၊ Wing ကို Delivery Drone များစမ်းသပ်ရန်နှင့် Verily ကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဇီဝနည်းပညာများစမ်းသပ်ရန်အတွက် အသီးအသီး ဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ 

လက်တလောမှာတော့ Intrinsic ဟာ ဘာတွေကိုတည်ဆောက်သွားပြီး မည်ကဲ့သို့သောသူများကို ရောင်းချသွားမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိရခြင်းမရှိသေးပဲ Intrinsic ကုမ္ပဏီရဲ့ CEO ဖြစ်သူ Wendy Tan White ကတော့ Intrinsic ဟာ “စက်မှုလုပ်ငန်းသုံးစက်ရုပ်များကို အသုံးပြုရပိုမိုလွယ်ကူ၍ ကုန်ကျစားရိတ်သက်သာစွာဖြင့် ပြင်ဆင်ရလွယ်ကူစွာ အသုံးပြုနိုင်စေမည့် software များကို ဖန်တီးပေးနိုင်ခြင်းအားဖြင့်” “စက်မှုလုပ်ငန်းသုံး စက်ရုပ်များကိုထုတ်လုပ်ရာတွင် ပိုမို၍ တီထွင်ဆန်းသစ်မှုရှိလာစေပြီး သန်းပေါင်းများစွာသော စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များနဲ့ developer များအတွက် အမြတ်ငွေရရှိစေနိုင်မည့် အခွင့်အလမ်းများကို လမ်းစဖွင့်ပေးနိုင်မှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။