All about routers explanations

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.7.2020 | Router များအကြောင်း သိကောင်းစရာများ

Router များအသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်

Router များကိုအသုံးပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ များစွာသော network များသို့ ချိတ် ဆက်ပြီး packet များကို သူတို့ရဲ့ကိုယ်ပိုင် network အတွင်း (သို့) အခြားသော network များဆီသို့ ပေးပို့နိုင်ရန်အတွက်ပဲဖြစ်ပါတယ်။ Router တစ်ခုရဲ့ အဓိကပေးပို့ရန်ဆုံးဖြတ်ချက်ချမှတ်ခြင်းဟာ Layer 3 IP packet အတွင်းရှိနေတဲ့ information (ပေးပို့ရမည့် IP address) များအရ သတ်မှတ် ခြင်းဖြစ်သည့်အတွက် Router တစ်ခုကို Layer 3 device တစ်ခုဟုလည်း ယူဆနိုင်ပါတယ်။

Router များဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ?

Wireless Router တစ်ခုဟာ modem သို့ ကေဘယ်လ်ကြိုးများနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်ပြီး ဒီအရာက အဆိုပါ router ကို အင်တာနက်ပေါ်မှ information များလက်ခံရယူရန်နှင့် ပို့လွှတ်ပေးစေနိုင်ပါတယ်။ ထို့နောက် ၎င်းဟာ သင့်ရဲ့ အိမ်သုံး Wi-Fi network ကို တည်ဆောက် ပေးပြီး ၎င်းတွင်ပါဝင်တဲ့ အင်တာနာများကိုအသုံးပြုပြီး သင့်ရဲ့ အိမ်သုံး Wi-Fi network နဲ့ သတင်း အချက်အလက်များဖလှယ်ပေးပါတယ်။ ထိုအရာကြောင့် သင့်ရဲ့အိမ်သုံးအင်တာနက်ကွန်ယက်ရှိ device များအားလုံးဟာ အင်တာနက်ရရှိနိုင်တာဖြစ်ပါတယ်။ 

Router ဆိုတာဘာလဲနဲ့ Router အမျိုးအစားများ

Router များကို network များအကြား data packet များကို အပြန်အလှန်ပေးပို့ရန်အတွက် အသုံး ပြုကြတာဖြစ်ပါတယ်။ Router တစ်ခုဟာချိတ်ဆက်မှုပြုပေးရန်အတွက် အနည်းဆုံး network ၂ခုရှိ နေရန်လိုအပ်ပါတယ် (LAN နှစ်ခု၊ ဒါမှမဟုတ် LAN တစ်ခုနဲ့ WAN တစ်ခု)။ Router အများစုကို network များရဲ့ဆုံမှတ်ဖြစ်တဲ့ gateway များတွင် နေရာချထားတတ်ကြပြီး ဈေးကွက်အတွင်းတွင် ကြိုးပါသော router များ၊ ကြိုးမဲ့၊ core၊ edge၊ နဲ့ virtual router များကိုလည်း ရရှိနိုင်ပါတယ်။ 

Router configuration ဆိုတာဘာလဲ? 

သင့်ရဲ့ network တစ်ခုပြည့်စုံသွားစေရန်အတွက် သင့်ရဲ့ router ကို configure ပြုလုပ်ရခြင်းဖြစ်ပါ တယ်။ ၎င်းအနေနဲ့သင့်ထံတွင်ရှိနေတဲ့ network components တွေနဲ့ အပြန်အလှန် သတင်းအချက် အလက်များဖလှယ်နိုင်ရန်အတွက် သင်ဟာ router ကို configure ပြုလုပ်ပေးဖို့လိုအပ်ပါသော် လည်း firewall ကိုတော့ ချိန်ညှိမှုပြုလုပ်ပေးစရာမလိုပါဘူး၊ router အများစုက သင့်ရဲ့လိုအပ် ချက်တွေနဲ့ကိုက်ညီမှုရှိအောင် ထိုအရာကိုချိန်ညှိပေးနိုင်ပါတယ်။ ပြီးနောက် သင့်ရဲ့ wireless network အတွက် Service Set Identifier (သို့) SSID ကိုသတ်မှတ်ပေးလိုက်ပါ။ 

(Unicode)









သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။