After updating to iOS 14, there has been issues to receive text messages and WhatsApp notifications

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.12.2020 | iOS14 ကို update ပြုလုပ်ပြီးနောက် text message နဲ့ WhatsApp notification များလက်ခံရာတွင် အခက်အခဲများရှိလာခဲ့ 

iOS14 သို့ update ပြုလုပ်ပြီးသူ iPhone အသုံးပြုသူများအနေနဲ့ သမားရိုးကျ text message များ၊ iMessage နှင့် အချို့သောအခြေအနေများတွင် WhatsApp Message များထံမှ notification များ မရရှိခဲ့တဲ့အတွက် အသုံးပြုသူများမှ complain များစွာပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ notification မရတဲ့ ပြဿနာဟာ iOS14 နဲ့ နောက်ပိုင်းဗားရှင်းများကို update ပြုလုပ်ထားခဲ့တဲ့ device များ အားလုံးနီးပါးတွင် ဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါပြဿနာဟာ message အသစ်များပေးပို့ဖို့ရာတွင်တော့ ထိခိုက်မှုမရှိပဲ notification များကိုသာ ရယူနိုင်ခြင်း မရှိပဲဖြစ်နေတာဖြစ်ပြီး pop-up notification များနှင့် မဖတ်ရသေးသော message များအရေအတွက်ကို ဖော်ပြပေးနေတဲ့ red badge များကိုပါ တွေ့မြင်နိုင်ခြင်းမရှိဖြစ်နေတာဖြစ်ပါတယ်။ အဆိုပါ glitch ဟာ text message များနဲ့ iMessage အပြင် အခြားသော third-party application များဖြစ်တဲ့ WhatsApp နဲ့ Signal ကဲ့သို့သော app များတွင်လည်း ဖြစ်ပွားနေပြီး အချို့သောအခြေအနေများတွင် Voice Call များရဲ့ notification များကိုပါ တွေ့မြင်နိုင်ခြင်းမရှိဖြစ်နေပါတယ်။ 

MacRumors မှထုတ်ပြန်ချက်တစ်ရပ်အရ အထက်ဖော်ပြပါ notification နဲ့ဆိုင်တဲ့ ပြဿနာကို iPhone 12, iPhone 12 mini, iPhone 12 Pro နဲ့ iPhone 12 Pro Max တို့တွင် ပိုမို၍တွေ့မြင်ရလျှက်ရှိနေသော်လည်း iOS14 သို့ update ပြုလုပ်ခဲ့တဲ့ အချို့သော iPhone version များတွင်လည်း အဆိုပါပြဿနာဖြစ်ပွားလျှက်ရှိနေတယ်လို့ သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။