Activision Sues Netflix with a Lawsuit

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.12.2020 | Activision မှ Netflix ကို တရားစွဲဆိုမှုတစ်ရပ် ပြုလုပ်ခဲ့

Gaming ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Activision ဟာ Netflix ကို သူတို့ရဲ့ executive ဝန်ထမ်းများကို ကျင့်ဝတ်နဲ့မလျှော်ညီစွာ ခေါ်ယူခန့်အပ်မှုများပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းအရာဟာ ယခင် Activision ရဲ့ CFO တစ်ဦးဖြစ်သူ Spencer Neumann က ၂၀၁၈ ခုနှစ်တွင် Activision မှ ထွက်ခွာပြီးနောက် Netflix ရဲ့ ထိပ်တန်း Finance Executive တစ်ဦးဖြစ်လာခဲ့တဲ့ ကိစ္စနဲ့လည်း သက်ဆိုင်မှုရှိနေပါတယ်။

Activision မှ တင်ပြလာသော စွဲဆိုချက်တွင် “Netflix ဟာ talent များကို recruitment ပြုလုပ်ရာတွင် ကျင့်ဝတ်နဲ့လျှော်ညီမှန်ကန်စွာ၊ တရားဝင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်မှုမရှိဘူးဟူ၍ ဆိုထားခဲ့ပါတယ်။ သူတို့ရဲ့ လုပ်သားအင်အားလိုအပ်ချက်များကို ပြည့်မှီမှုရှိစေရန်အတွက် Netflix ဟာ ကုမ္ပဏီ အတွင်းရှိဝန်ထမ်းများကို ထုတ်ပယ်ခြင်းအား ညှာတာထောက်ထားမှုမရှိပဲ ပြုလုပ်နေသည်သာမက သူတို့နဲ့ အပြိုင်အဆိုင် ကုမ္ပဏီများထံမှ အရည်အချင်းရှိသူများကို မသမာသောနည်းလမ်းများနဲ့ဆွဲဆောင်လျှက်ရှိပြီး အလုပ် Contract များကို ချိုးဖောက်စေခဲ့ပါတယ်။” ဟု ပြောကြားထားခဲ့ပါတယ်။

Activision ရဲ့ စွဲဆိုချက်များအရ “Netflix ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်များအရ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အလုပ်သမားဥပဒေကို မထီမဲ့မြင်ပြုလုပ်နေခြင်းဖြစ်တယ်လို့ ဆိုထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် Neurmann ကို Activision နဲ့ ချုပ်ဆိုထားတဲ့ Contract အား ချိုးဖောက်စေခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။