Activision brings Call of Duty: Warzone to mobile phones 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.3.2022 | Activision မှ Call of Duty: Warzone ကို mobile ဖုန်းများသို့ ဆောင်ကြဉ်းလာရန်ရှိနေ 

Activision ဟာ ၎င်းတို့ရဲ့ နာမည်အကျော်ကြားဆုံး battle royale shooter game တစ်ခုဖြစ်တဲ့ Call of Duty: Warzon ကို mobile ဖုန်းများတွင်ဆော့ကစားနိုင်စေရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီမှ မတ်လ ၁၀ ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

Activison မှ ၎င်းတို့ရဲ့ website ပေါ်ရှိ post တစ်ခုတွင် “ကျွန်ုပ်တို့ဟာ AAA mobile experience ကိုပေးစွမ်းနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Call of Duty: Warzone ကို သွားရင်းလာရင်းနဲ့ player များဆော့ကစားနိုင်ကြရန်အတွက် စတင်လုပ်ဆောင်နေပါပြီ” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

အဆိုပါ post အရ - mobile Warzone ဟာ mobile ဖုန်းများတွင် “large-scale, battle royale experience” ကို ပေးစွမ်းနိုင်ရန် နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြု၍ ကမ္ဘာတစ်လွှားရှိ ဂိမ်းကစားသူများကို နောင်လာမယ့်နှစ်များစွာတိုင်အောင် entertain ပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်”။ ဒါပေမယ့် အဆိုပါဂိမ်းဟာ လက်ရှိမှာတော့ early development အဆင့်မှာပဲရှိနေသေးပြီး အဆိုပါ post တွင်လည်း လစ်လပ်အလုပ်နေရာအချို့ကို ကြေငြာဖော်ပြထားပြီး screenshot များ video များနှင့် ခန့်မှန်း release date တို့ကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။