Activision Blizzard announced all temporary QA workers to be converted to full-time employees

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.4.2022 | ၎င်းတို့ရဲ့ ယာယီ QA ဝန်ထမ်းများအားလုံးကို အချိန်ပြည့်ဝန်ထမ်းများအဖြစ် ပြောင်းလဲခန့်အပ်သွားမှာဖြစ်ကြောင်း Activision Blizzard မှ ကြေငြာချက်ထုတ်ပြန် 

Activision Blizzard မှ ၎င်းတို့ရဲ့ Activision Publishing နှင့် Blizzard ဌာနခွဲများရှိ ယာယီ QA ဝန်ထမ်းများအားလုံးကို အချိန်ပြည့် (Full-time) ဝန်ထမ်းများအဖြစ်ပြောင်းလဲခန့်အပ်သွားရန်ရှိကြောင်း ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ 

ဆိုလိုသည်မှာ - ယာယီ ဂိမ်းစမ်းသပ်သူပေါင်း ၁,၁၀၀ နီးပါးခန့်ဟာ အကျိုးခံစားခွင့်များပါဝင်တဲ့ full-time job များကို ရရှိနိုင်တော့မှာဖြစ်ပြီး ပိုမိုများပြားတဲ့ လစာငွေများကို ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ၎င်းးတို့အတွက် အနည်းဆုံး ၁ နာရီလုပ်ခလစာငွေကိုတော့ ဒေါ်လာ ၂၀ သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ 

Activision Blizzard ရဲ့ vice president of corporate communications အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသူ Jessica Taylor ရဲ့ ပြောကြားချက်အရ အဆိုပါအပြောင်းအလဲဟာ Raven Software ဆိုတဲ့ Call of Duty ဂိမ်းစီးရီးများကို လုပ်ဆောင်ပေးလျှက်ရှိသော Activision ပိုင် studio တစ်ခုတွင် ဝန်ထမ်းများရဲ့ တက်ကြွလှုပ်ရှားမှုများကြောင့် အပြောင်းအလဲများပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။