A voice actor behind Simon “Ghost” Riley in Call of Duty got fired over a sexist comments made over the years

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.5.2021 | လွန်ခဲ့တဲ့နှစ်များအတွင်း အမျိုးသမီးများအပေါ် နှုတ်ရေးအရ စော်ကားမှုများစွာ ပြုလုပ်ခဲ့တဲ့အတွက် Call of Duty ရဲ့ Simon “Ghost” Riley နေရာတွင် အသံသရုပ်ဆောင်သူအား အလုပ်မှထုတ်ပယ်ခဲ့ 

၂၀၁၉ ခုနှစ်ထုတ် Call of Duty: Modern Warfare တွင် နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Simon “Ghost” Riley နေရာတွင် အသံသရုပ်ဆောင်ဖြစ်သူ Jeff Leach ဟာ အမျိုးသမီးများအပေါ် နှုတ်ရေးအရ စော်ကားမှုများစွာ ပြုလုပ်ခဲ့ကြောင်း YouTuber တစ်ဦးဖြစ်တဲ့ NitroLukeDX မှ ဖော်ထုတ်ပြသလိုက်တဲ့အတွက် Call of Duty ရဲ့ မိခင်ကုမ္ပဏီ Activision မှ သူတို့ရဲ့ Call of Duty: Mordern Warfare တွင် ထိုသူကိုဆက်လက်၍ ထားရှိသွားမှာမဟုတ်တော့ကြောင်း ကြေငြာခဲ့ပါတယ်။ 

NitroLukeDX မှ ထုတ်ဖော်ပြသခဲ့တဲ့ video တွင် Leach ရဲ့ စကားအပြောအဆို ကြမ်းတမ်းပုံများကိုတွေ့မြင်ရမှာဖြစ်ပြီး Call of Duty သတင်းဌာနဆိုဒ်တစ်ခုဖြစ်တဲ့ Charlie INTEL မှ Activision ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် Leach အား ကုမ္ပဏီအတွက် ဆက်လက်၍ အလုပ်လုပ်စေတော့မှာမဟုတ်ကြောင်း Activision မှ ပြောကြားသွားခဲ့ပါတယ်။ 

“ယောကျာ်း/ မိန်းမဟူ၍ ခွဲခြားဘက်လိုက်ဆက်ဆံခြင်းဟာ ကျွန်ုပ်တို့ရဲ့လုပ်ငန်းနယ်ပယ်တွင်၊ ကျွန်ုပ်တို့ရဲ့ ဂိမ်းများတွင်နှင့် ကျွန်ုပ်တို့ရဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းများတွင် မထားရှိသင့်ပါဘူး” ဟူ၍ Activision မှ သူတို့ရဲ့ statement တစ်ခုတွင် ရေးသားထားခဲ့ပြီး Jeff Leach နှင့် ဆက်လက်၍ အလုပ်လုပ်ကိုင်သွားတော့မှာမဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ “ကျွန်ုပ်တို့အနေနဲ့ Leach မှ ပြောကြားခဲ့တဲ့ ဒီမှတ်ချက်များကို လွန်စွာရှုံ့ချပြီး၊ Player များအားလုံးအတွက် လုံခြုံပြီး ပျော်ရွှင်ရတဲ့ အတွေ့အကြုံများကို ပေးအပ်နိုင်စေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။” ဟူ၍လည်း Activision မှ ထပ်မံပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။