A security firm discovered a new malware CooperStealer

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.3.2021 | CooperStealer ဟု ခေါ်တွင်သည့် Malware အသစ်တစ်မျိုးကို လုံခြုံရေးကုမ္ပဏီတစ်ခုမှ ရှာဖွေတွေ့ရှိခဲံ့

Proofpoint ဟု ခေါ်တွင်သည့် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုရှိ သုသေသနပညာရှင်များဟာ Google, Facebook, Amazon, Apple နှင့် အခြားသော အွန်လိုင်းဝန်ဆောင်မှုများပေါ်ရှိ အသုံးပြုသူများရဲ့အချက်အလက်များကို ခိုးယူနိုင်စွမ်းရှိသော Malware အမျိုးအစားအသစ်တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ 

အဆိုပါ Malware ကို CooperStealer ဟု သုသေသနပညာရှင်များက အမည်ပေးထားပြီး ထိုအရာက password နဲ့ cookie များကို ခိုးယူနိုင်စွမ်းရှိပြီး လက်ရှိမှာလည်း အဆင့်မြှင့်တင်မှုများကို အဆက်မပြတ်ပြုလုပ်ပေးခြင်းကို ရရှိနေသည့် malware တစ်ခုပဲဖြစ်ပါတယ်။ ထိုအရာတွင် download လုပ်ဆောင်ချက်ဟာလည်း ပါဝင်နေပြီး malware ကို နောက်ကွယ်မှထိန်းချုပ်နေတဲ့သူများအနေနဲ့ infected device များသို့ အခြားသော malicious payload များကို ထည့်သွင်းသွားနိုင်စေမှာလည်း ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အဆိုပါ malware နောက်ကွယ်မှ ကြိုးကိုင်ထိန်းချုပ်နေသူများဟာ ခိုးယူရရှိလာတဲ့ အကောင့်များကိုအသုံးပြု၍ malicious ad များကို run ခြင်းနှင့် အခြားသော malware များကို ဆက်စပ်နေတဲ့ကွန်ပြူတာများသို့ ထပ်မံပေးပို့ခြင်းတို့ကို ပြုလုပ်လျှက်ရှိနေကြပါတယ်။ သုသေသနပညာရှင်များဟာ အဆိုပါ malware အကြောင်းကို ၂၀၁၉ ဇူလိုင်လခန့်တွင် သိရှိခဲ့တာဖြစ်ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ Proofpoint ဟာ Facebook နဲ့ Instagram ပေါ်ရှိ business နှင့် advertiser အကောင့်များကို တိုက်ခိုက်နိုင်သည့် နမူနာ malware အမျိုးအစားတစ်ခုကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ထို့အပြင် Bing, PayPal, Tumblr နှင့် Twitter တို့ကိုပစ်မှတ်ထားတိုက်ခိုက်နိုင်သော malware ၏ အခြားသော မျိုးကွဲများကိုလည်း တွေ့ရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။