A New Hacker Attack has been confirmed by Google and Microsoft for Windows 10 Users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.11.2020 | Windows 10 user များအနေနဲ့ Hacker Attack အသစ်တစ်ခုနဲ့ တွေ့ကြုံရနိုင်ကြောင်း Google နဲ့ Microsoft တို့မှ အတည်ပြုကြေငြာခဲ့ 

Forbes မဂ္ဂဇင်းရဲ့ သတင်းများအရ - Microsoft မှ patch မပြုလုပ်ရသေးသော “Zero-day” vulnerability တစ်ခုဟာ Windows operating system အတွင်း ရှိနေကာ Windows 7 မှ 10 အထိ Windows version တိုင်းဟာ Hacker များရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတယ်လို့ ဆိုထားပါတယ်။ 

ဒီ vulnerability ကို Google ရဲ့ zero-day security bugs များကို အထူးခြေရာခံရှာဖွေသော Vulnerability ရှာဖွေဖော်ထုတ်ရေး team တစ်ခုဖြစ်တဲ့ Project Zero team မှ Microsoft သို့ ကြောင်းကြားပေးခဲ့တာ ဖြစ်ပါတယ်။ Project Zero မှ ဒီ လုံခြုံမှုဆိုင်ရာပြဿနာကို attacker အများအပြားက အသုံးချနေခဲ့တာကို တွေ့ရှိခဲ့ရတဲ့အတွက် Microsoft ကို ဒီသတင်းအား ဖွင့်မချပြမှီတွင် ပြင်ဆင်နိုင်ရန်အတွက် အချိန် ၇ရက်သာ ပေးခဲ့ပါတယ်။ အဆိုပါ သတ်မှတ်ထားတဲ့ရက်ဟာ နည်းပါးလွန်းလှတဲ့အတွက် Microsoft ဟာ အဆိုပါအချိန် အတွင်း security patch တစ်ခုကို ထုတ်ပြန်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ 

ဒီ bug ဟာ Windows Kernel Cryptography Driver အတွင်းတွင်ရှိနေပြီး cng.sys လို့ လူသိများကြပါတယ်။ ထိုအရာက attacker များအနေနဲ့ Windows OS အသုံးပြုရတဲ့စက်များထံသို့ ဝင်ရောက်လိုက်တဲ့အခါတွင် သူတို့ရဲ့လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးနိုင်ပါတယ်။ ထိုအရာက memory buffer-overflow problem တစ်ခုဖြစ်ပြီး attacker ကို ပစ်မှတ်ဖြစ်တဲ့ Windows computer တစ်ခုအတွက် admin-level control ကို ပေးနိုင်စွမ်းရှိနေပါတယ်။ 

Microsoft က အဆိုပါကြေငြာပြောဆိုထားတဲ့ attack ဟာ အမှန်တကယ်ဖြစ်ပွားခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားခဲ့သော်လည်း သဘောသဘာဝအရ ပစ်မှတ်ဖြစ်လာနိုင်ဖို့အခြေအနေနည်းပါးပြီး အများစု အသုံးချနိုင်တဲ့ widespread exploit တစ်ခုအဖြစ်သို့ ရောက်ရှိခြင်း မရှိသေးပါဘူး။ Microsoft က ပြောဆိုခဲ့ရာ မှာတော့ widespread exploit များဖြစ်လာနိုင်တယ်ဆိုတဲ့ နိမိလက္ခဏာရပ်တွေရှိမနေဘူးဟူ၍ဆိုထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။