2021 League of Legends World Championship will be held in Shenzen, China

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.5.2021 | ၂၀၂၁ ခုနှစ် League of Legends World Championship ပြိုင်ပွဲအား တရုတ်နိုင်ငံ၊ Shenzhen ပြည်နယ်တွင်ကျင်းပသွားရန်ရှိ 

လူကြိုက်အများဆုံး PC ဂိမ်းများတွင်တစ်ခုအပါအဝင်ဖြစ်တဲ့ League of Legend နောက်ကွယ်မှ developer ကုမ္ပဏီဖြစ်သော Riot Games မှ ၂၀၂၁ ခုနှစ် World Championship ပြိုင်ပွဲအား နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ Shenzhen ပြည်နယ်တွင်ကျင်းပသွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါကြေငြာချက်တွင် Riot Games မှ Worlds Final အား Shenzhen FC ဘောလုံးအသင်းမှ ပိုင်ဆိုင်ထားတဲ့ လူပေါင်း ၆၀,၀၀၀ ကျော်ဆန့်သော Universiade Sports Center အတွင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ဒီနှစ် Worlds 2021 နဲ့အတူ ဖျော်ဖြေရေးနှင့် e-sports အားကစားနယ်ပယ်များကို တွန်းအားပေးနိုင်စေမှာဖြစ်တဲ့အတွက် လွန်စွာမျှော်လင့်ထားလျှက်ရှိနေပြီး LoL Esports ရဲ့ နောက်ထပ် လာမည့် ၁၀ နှစ်တာကာလကို သတ်မှတ်ပြင်ဆင်နိုင်ရန်အတွက် အလွန်ပင်စိတ်လှုပ်ရှားလျှက်ရှိနေကြပါတယ်” ဟူ၍ Riot Game ရဲ့ Global Head of Esports ဖြစ်သူ John Needham မှ ပြောကြားခဲ့ပါတယ်။ “Shenzhen ပြည်နယ်ဟာ တရုတ်နိုင်ငံအတွင်း ပြိုင်ဆိုင်မှုအများဆုံးနှင့် တီထွင်ဖန်တီးမှုအများဆုံး မြို့တစ်မြို့ဖြစ်ပြီး များစွာသော startup လုပ်ငန်းများနဲ့ စွန့်ဦးတီထွင်လုပ်ငန်းများစုဝေးရာ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖိုင်နယ်ပွဲကိုကျင်းပရန် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်တယ်လို့ ခံစားမိပါတယ်” ဟူ၍လည်း သူက ပြောကြားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။