1Password now lets you securely share files and documents with just a link

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.7.2022 | 1Password တွင် ယခုအခါ file များနှင့် document များကို link တစ်ခုချပေးရုံဖြင့် အလွယ်တကူ share ပြုလုပ်၍ ရနိုင်ပြီ

1Password ဟာ ယခုအခါ အသုံးပြုသူများအနေနဲ့ file များနှင့် document များကို မည်သူ့ထံသို့မဆို စိတ်ချလုံခြုံစွာနှင့် လွယ်ကူစွာ share ပေးနိုင်ရန် ပြုလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီ password manager app ဟာ ယခင်က link များဖြင့် secure password sharing ပြုလုပ်နိုင်ရန် ပြီးခဲ့နှစ်ကစတင်၍ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ 1Password အတွင်း သိမ်းဆည်းထားတဲ့ file များနဲ့ document များကိုပါ စတင်ထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။ 

Document များနှင့် File များကို share ပြုလုပ်ခြင်းကို 1Password မှတဆင့် password များကို share ပြုလုပ်ခြင်းကဲ့သို့ပင် လွယ်ကူစွာဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်ခံရရှိသူက 1Password ကို အသုံးပြုနေသူမဟုတ်ခဲ့ရင်တောင်မှ အဆိုပါဖိုင်များကိုဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး Share ပေးလိုက်သူက အဆိုပါ link ရဲ့ ကုန်ဆုံးရက်ကို သတ်မှတ်ခြင်း၊ file အားဝင်ရောက်ကြည့်ရှုရန်အတွက် ၎င်းတို့ရဲ့ e-mail လိပ်စာသို့ one-time-code ပေးပို့စေပြီး verify ပြုလုပ်ရန် ကန့်သတ်နိုင်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Share ပြုလုပ်ထားတဲ့ item များနဲ့ file များကို 1Password ရဲ့ site ပေါ်တွင် ပြသပေးသွားမှာဖြစ်ပြီး ဖိုင်များကို လက်ခံရရှိသူဘက်မှ copy ပြုလုပ်ခြင်း၊ download ပြုလုပ်ခြင်း၊ သို့မဟုတ် လက်ခံရရှိသူက 1Password ကို အသုံးပြုသူဖြစ်ပါက အဆိုပါဖိုင်များကို ၎င်းတို့ရဲ့ 1Password အကောင့်များတွင် သိမ်းဆည်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 1Password ဖြင့် file များကို sharing ပြုလုပ်ခြင်းဟာ Google Drive File များကို အခြားသူတစ်ဦးထံ မျှဝေပုံနှင့် ဆင်တူမှာဖြစ်သော်လည်း link ကို ကုန်ဆုံးရက်သတ်မှတ်နိုင်ခြင်းနဲ့ share ထားတဲ့အရာများကို ပိုမိုကောင်းမွန်စွာထိန်းချုပ်မှုပြုလုပ်နိုင်ခြင်းတို့ကိုတော့ 1Password တွင်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။