12 Tips to Troubleshoot Your Internet Connection - 3

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.9.2020 | သင့်အင်တာနက်လိုင်းဆွဲအားပြဿနာများကို အဖြေရှာနိုင်ရန် အကြံပေးချက် (၁၂) ချက် - နံပါတ် (၃)

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၃။ သင့်အင်တာနက် package ကိုစစ်ဆေးကြည့်ပါ။ 

အကယ်၍ သင်အင်တာနက်ရရှိနေသော်လည်း အင်တာနက်က မျှော်လင့်ထားတာထက်ပိုပြီးနှေးနေတယ်ဆိုပါက speedtest.net ကဲ့သို့သော site များသို့သွားရောက်ပြီး အင်တာနက်မြန်နှုန်းကိုစစ်ဆေးကြည့်နိုင်ပါတယ်။ ထိုသို့စစ်ဆေး ခြင်းအားဖြင့် သင့်ကွန်ပြူတာတွင် အမှန်တကယ်ရရှိနေတဲ့ မြန်နှုန်းကို megabits per second နဲ့ ဖော်ပြထားတဲ့ ကိန်းဂဏ္ဍန်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ 

ထိုမှတဆင့် သင့် ISP ရဲ့ website သို့ သွားရောက်ပြီး သင့်ရဲ့ Bill ကို စစ်ဆေးကြည့်လိုက်ပါ - အကယ်၍ သင့် bill ထဲက ကိန်းဂဏ္ဍန်းများဟာ သင်ပြုလုပ်ထားတဲ့ အင်တာနက်မြန်နှုန်းစစ်ဆေးမှုနဲ့ တူညီမှုရှိပါက သင်ပေးထားတဲ့အတိုင်း မှန်ကန် တဲ့အင်တာနက်မြန်နှုန်းကိုရရှိနေတာဖြစ်ပါတယ်။ အကယ်၍ ဒီအင်တာနက်မြန်နှုန်းဟာ သင့်အတွက် အရမ်းနှေးလွန်းတယ်လို့ခံစားရပါက သင့်အနေနဲ့ ပိုမိုမြန်ဆန်တဲ့အင်တာနက်လိုင်းသို့ upgrade ပြုလုပ်ဖို့လိုအပ်ပါတယ်။ အကယ်၍ သင့်ရဲ့အင်တာနက်မြန်နှုန်းစစ်ဆေးမှုပြုလုပ်ရာတွင်ရရှိလာတဲ့ ကိန်းဂဏ္ဍန်းများဟာ သင်ပေးထားတဲ့အင်တာနက်မြန်နှုန်းထက် အဆမတန် လွန်စွာလျော့နည်းနေတယ်ဆိုပါက သင့်ထံတွင် ပြဿနာတစ်ခုခုရှိ နေပြီဖြစ်ပြီး ဆက်ပြီးအဖြေရှာကြည့်ဖို့ လိုအပ်ပါဦးမယ်။ 

 

(Unicode)







သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။