12 Tips to Troubleshoot Your Internet Connection - 2

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

2.9.2020 | 12 Tips to Troubleshoot Your Internet Connection - 2

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၂။ Virus များ ရှိ၊ မရှိ စစ်ဆေးခြင်း 

တစ်ခါတစ်ရံတွင် သင့်အင်တာနက်လိုင်းဟာ သင့်ကွန်ပြူတာပေါ်ရှိ အဖျက်အမှောင့်ကုဒ်များကြောင့် ထိခိုက်မှုရှိနေတာ လည်းဖြစ်နေတတ်ပါတယ်။ Spyware, Virus များနဲ့ Malware များ ရှိ၊ မရှိကို Scan ပြုလုပ်ပြီးစစ်ဆေးကြည့်လိုက်ပါ။ ဒီအရာများဟာ သင့်ရဲ့ web-surfing speed နဲ့ system performance တစ်ခုလုံးအပေါ်တွင် သိသာတဲ့ထိခိုက်မှုမျိုးကို ဖြစ်စေနိုင်ပါတယ်။ Windows 10 တွင် Windows Defender ဟာ Built-in အနေနဲ့ပါလာပြီးဖြစ်ကာ ဒီအရာက virus များ ရှိ၊ မရှိစစ်ဆေးခြင်းကို ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။ သို့သော်လည်း အခြားသော အခမဲ့ နှင့် အခကြေးငွေပေးပြီး ရယူနိုင်တဲ့ utility များလည်းရှိနေပါသေးတယ်။  

(Unicode)






NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.