12 Tips to Troubleshoot Your Internet Connection - 1

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

1.9.2020 | 12 Tips to Troubleshoot Your Internet Connection - 1

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၁။ အခြား device တစ်ခု (သို့) Website တစ်ခုကို စမ်းသုံးကြည့်ပါ

သိသာထင်ရှားတဲ့အရာတစ်ခုနဲ့ အစပြုလိုက်ရအောင် - ဒီပြဿနာဟာ သင့်ရဲ့ device တစ်ခုတည်းမှာဖြစ်နေတာလား၊ ဒါမှမဟုတ် သင့်ရဲ့ device များအားလုံးမှာဖြစ်နေတာလား? အကယ်၍သင့်ကွန်ပြူတာမှာ ဒီပြဿနာဖြစ်နေပါက သင့်ရဲ့ tablet ဟာရောအင်တာနက်ချိတ်ဆက်နိုင်ရဲ့လား၊ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက် (သို့) အခန်းဖော်ရဲ့ laptop တွင်ရော အင်တာနက်ရရှိနေရဲ့လားဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။ အကယ်၍ ဒီပြဿနာဟာ device တစ်ခုတည်းတွင်ဖြစ်နေ ပါက သင့်အနေနဲ့ ပြဿနာဟာ ဒီစက်ပစ္စည်းတစ်ခုတွင်ရှိနေတာဖြစ်တယ်လို့ယူဆလိုက်နိုင်ပါတယ်။ 

Wi-Fi ကိုဖွင့်ထားပြီး သင်ဟာမှန်ကန်သင့်လျော်တဲ့ SSID ကို မှန်ကန်တဲ့ password ကိုအသုံးပြုပြီး ချိတ်ဆက်ထား သလားဆိုတာကို သေချာစွာစစ်ဆေးပါ။ အကယ်၍ Windows ကိုအသုံးပြုနေပါက သင့် system tray ပေါ်ရှိ network icon ကို right-click ပြုလုပ်ပြီး Troubleshoot Problems ကိုရွေးကာ Windows Network Diagnostic လုပ်ဆောင် ချက်ကို run ပေးနိုင်ပါတယ်။ ဒီအရာက တစ်ခါတစ်ရံတွင် ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာများကို adapter ကို reset ပြုလုပ်ပေးခြင်းအားဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။ ဒီ့အပြင် သင့် network adapter setting များကိုလည်းစစ်ဆေးပြီး adapter က မှန်ကန်တဲ့ gateway address ကိုအသုံးပြုနေလားဆိုတာနဲ့ အခြားသော setting များကိုလည်း သေချာ အောင်စစ်ဆေးကြည့်လိုက်ပါဦး။ 

ထို့အတူ အခြား website တစ်ခုကိုလဲ စမ်းသပ်အသုံးပြုကြည့်လိုက်ပါ။ အကယ်၍ သင့်အနေနဲ့အခြားသော website များကို အခက်အခဲမရှိပဲဝင်ရောက်ကြည့်ရှုနိုင်နေတယ်ဆိုရင်တော့ ဒါဟာ သင်ဝင်ရောက်လိုတဲ့ website ဘက်က ပြဿနာရှိနေတာဖြစ်နိုင်ပြီး သင့်အနေနဲ့ သူတို့ဖက်က ထိုပြဿနာကိုပြင်ဆင်ပြီးတဲ့အထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အဆိုပါ website ရဲ့လိပ်စာကို downforeveryoneorjustme.com အတွင်းတွင်လည်းရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ အကယ်၍ ဒီ site ဟာအသုံးပြု၍ရနေသော်လည်း သင့်အတွက်တော့ အသုံးပြု၍မရနေဘူးဆိုပါက ထို website ကို incognito window မှတဆင့်၊ အခြား browser တစ်ခုမှတဆင့် ပြန်လည်သွားရောက်ကြည့်ခြင်း (သို့) သင့် browser ရဲ့ Cache နဲ့ Cookie များကို ရှင်းလင်းကြည့်ခြင်းတို့ကိုပြုလုပ်ပေးကြည့်နိုင်ပါတယ်။ 

(Unicode)

 








NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.