12 Tips to Troubleshoot Your Internet Connection - 10

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.9.2020 | သင့်အင်တာနက်လိုင်းဆွဲအားပြဿနာများကို အဖြေရှာနိုင်ရန် အကြံပေးချက် (၁၂) ချက် - နံပါတ် (၁၀)

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၁၀။ ပိုမိုမြန်ဆန်တဲ့ router ကို အသစ်လဲလှယ်လိုက်ပါ။ 

အကယ်၍ သင်ဟာ 802.11b သို့ 802.11g router များကို အသုံးပြုနေပါက သင့်အနေနဲ့ ပိုမိုသစ်လွင်ပြီး ပိုမိုအစွမ်းထက်တဲ့ router တစ်ခုနဲ့လဲလှယ်အသုံးပြုဖို့ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်။ အထူးသဖြင့် သင့်ထံတွင် ကွန်ပြူတာများ၊ စမတ်ဖုန်းများနဲ့ အခြားသော device များ အများအပြားရှိနေပြီး ထိုအရာများအားလုံးက သင့်ရဲ့ bandwidth ကို ဆွဲယူအသုံးပြုနေတယ်ဆိုရင် တော့ ထိုသို့ဝယ်ယူလဲလှယ်ပေးဖို့ကို သင်စဉ်းစားသင့်ပါတယ်။ 

အကယ်၍ သင့်ထံတွင်/ သင့်အိမ်တွင် ကွန်ပြူတာတစ်လုံးသာရှိပါက ထိုကွန်ပြူတာကို Ethernet cable မှတဆင့် modem နှင့် တိုက်ရိုက်ချိတ်ဆက်ပေးသင့်ပါတယ်။ 

Dual-band router များဟာ သင်ရွေးချယ်အသုံးပြုနိုင်မယ့် radio band နှစ်ခုကိုပေးစွမ်းနိုင်ပြီး သင့်အနေနဲ့ bandwidth ပမာဏအများအပြားလိုအပ်တဲ့ streaming video device များနဲ့ gaming consoles များကိုအသုံးပြုဖို့အတွက် band တစ်ခုကို client များအတွက် သီးသန့်ပေးထားနိုင်စေမှာဖြစ်ပါတယ်။ ထို့အပြင် router အသစ်များဟာ နောက်ဆုံးပေါ်နည်းပညာ များကိုအသုံးပြုထားပြီး ပိုမိုမြန်ဆန်တဲ့ throughput ကိုပေးအပ်နိုင်တဲ့အပြင် Wi-Fi ရရှိနိုင်တဲ့ အကွာအဝေးဟာလည်း ပိုမိုကျယ်ပြန့်သွားပါတယ်။ အကယ်၍သင် router ကိုအသစ်လဲလှယ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံး wireless router list ကို သွားရောက် လေ့လာကြည့်လိုက်ပါ။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။