Burma Internet

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

Services

ပင်မစာမျက်နှာ ဝန်ဆောင်မှူများ

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။

ပေးအပ်ထားသည် ဝန်ဆောင်မှုများ

ကျွန်ုပ်တို့ဟာ သင့်ရဲ့လိုအပ်ချက်များအတွက် အကောင်းဆုံး internet solution ကိုပေးအပ်နိုင်ဖို့ရာတွင် အထူးပြုလေ့ လာမှုများကို ပြုလုပ်ထားပါတယ်။ သင့်ရဲ့အချက်အလက်များအားလုံးနှင့် သင့်ထံက ကျွန်ုပ်တို့အားပေးပို့လိုက်သော သင့် ရဲ့တည်နေရာ၊ အင်တာနက်အသုံးပြုသူ အိမ်သားအရေအတွက်၊ သင်နေ့စဉ်အသုံးပြုနေသော စက်ပစ္စည်းများအရေအတွက်နဲ့ သင်ဝယ်ယူရန်လိုလားသော ဈေးနှုန်းနှင့် bandwith များ စသည့်အချက်အလက်များကို ထည့်သွင်းစဉ်းစားမှုများကို ပြုလုပ်ပေးပါသည်။

ထိုအချက်အလက်များအပေါ်မူတည်၍ သင့်ရဲ့လိုအပ်ချက်များအတွက် သင်နေထိုင်ရာနေရာတွင် အကောင်းဆုံးရရှိနိုင်မယ့်ကမ်းလှမ်းချက်များကို သင့်ထံသို့ပေးပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ISP providers များနဲ့ အတူတကွလက်တွဲကာလုပ်ဆောင်လျှက်ရှိသောကြောင့် သင်ရွေးချယ်နိုင်ရန် များစွာသောရွေးချယ်မှုများကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။

သင်က ဘယ်လို broadband အသုံးပြုသူဖြစ်ပါသလဲ?

သင့်အတွက်သင့်တော်တဲ့ broadband package ကို ရှာဖွေရန်နိုင်အတွက် ဦးစွာပထမအနေနဲ့ သင်ဟာ ဘယ်အရာအတွက် သင့်ရဲ့ broadband ကို အသုံးပြုမယ်ဆိုတာနဲ့ ဘယ်လောက်ပမာဏများများ သင်ကအသုံးပြုမလဲဆိုတာကို စဉ်းစားထားရမှာဖြစ်ပါတယ်။

ပေါ့ပါးစွာ အသုံးပြုခြင်း - အကယ်၍ သင်ဟာအွန်လိုင်းပေါ်တွင်အချိန်ပြည့်ရှိနေသူမဟုတ်ပဲ၊ အင်တာနက်အား အမြဲတမ်းအသုံးပြုနေသူတစ်ဦးမဟုတ်ပါက low usage package တစ်ခုက သင့်အတွက် ကောင်းမွန်သောဖြေရှင်းမှုတစ်ခုဖြစ်နိုင်ပါသည်။ ထို့နောက်တွင်မှ အကယ်၍ သင့်အနေနဲ့ ပိုမိုမြန်ဆန်သောအင်တာနက်မြန်နှုန်းကို ရယူရန်လိုအပ်သည်ကို သိရှိလာရပါကလည်း သင့်ရဲ့ package ကို အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ပါတယ်။

အများအပြားအသုံးပြုခြင်း - အကယ်၍ အွန်လိုင်းပေါ်ကတစ်ဆင့် ဂိမ်းကစားခြင်းနဲ့ အရည်အသွေးမြင့် 4K ရုပ်ရှင်များကို streaming ပြုလုပ်ကာကြည့်ရှရန် အသုံးပြုသူတစ်ဦး (သို့မဟုတ်) အိမ်တွင် WiFi ချိတ်ဆက်ရမည့် စက်ပစ္စည်းများစွာရှိနေသောသူတစ်ဦးဖြစ်နေပါက သင်ဟာ အများအပြားအသုံးပြုသူတစ်ဦးဖြစ်ပါတယ်။ ကန့်သတ်မှုများကို ကျော်လွန်ကာအသုံးပြုရသည့်အခါတွင် mobile data အသုံးပြုမှုအလိုက် အပိုဆောင်းငွေများပေးဆောင်ရနိုင်သည့်အတွက်ကြောင့် သင့်အနေနဲ့ ကန့်သတ်မှုမရှိသော Unlimited Download ပမာဏကိုလိုအပ်မည်ဖြစ်ပါသည်။  ထို့ထက်ပို၍ အသုံးပြုလိုသူများအတွက်မှာတော့ မြန်ဆန်သောဆက်သွယ်ချိတ်ဆက်မှုကို ထိန်းသိမ်းထားနိုင်ရန်အတွက် WIFI broadband အစား Fiber အင်တာနက်ကို လိုအပ်လိမ့်မည်ဖြစ်ပါသည်။ အပိုဆောင်းငွေများ ပေးဆောင်ရခြင်းမှ ‌ရှောင်ရှားနိုင်ရန်အတွက် များစွာသော စက်ပစ္စည်းများမှတဆင့် အင်တာနက်အသုံးပြုသူအများအပြားရှိနေသည့် မိသားစုများတွင် unlimited data package ကို အသုံးပြုရန်အတွက် ထည့်သွင်းစဉ်းစားသင့်ပါသည်။

အိမ်မှတစ်ဆင့်အလုပ်လုပ်ခြင်း - သင်ဟာအိမ်မှတစ်ဆင့်မကြာခဏအလုပ်လုပ်ရသူတစ်ဦးဖြစ်ပါက home broadband package မှာ သင့်တော်မှုရှိလိမ့်မည်ဖြစ်ပါသည်။ သို့သော် သင်ဟာ အိမ်မှနေ၍ စီးပွားရေးလုပ်ငန်းတစ်ခုခုကိုဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်ပါက Business broadband package ကို လိုအပ်လိမ့်မည် ဖြစ်ပါသည်။ 

သင်ဘယ်လိုနည်းနဲ့ အင်တာနက်ကို ချိတ်ဆက်တပ်ဆင်မလဲ? 

သင်အင်တာနက်ကိုချိတ်ဆက်သည့် ချိတ်ဆက်ပုံနည်းလမ်းများမှာ သင်ရရှိနိုင်သည့် broadband မြန်နှုန်းများနှင့် package များအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။ ထိုအရာတွင်ရွေးချယ်နိုင်ရန်အချက်များစွာရှိနေသော် လည်း သင့်နေထိုင်ရာဧရိယာတွင် ထိုအရာအားလုံးကို ရရှိချင်မှရရှိနိုင်ပါလိမ့်မည်။

ADSL broadband - ဒီ connection ဟာ သင့်အိမ်ဖုန်းလိုင်းမှ ထောက်ပံ့မှုပြုထားသောအရာဖြစ်ပါသည်။ YPT မှ စီစဉ်ပြုလုပ်ခဲ့သော ADSL လိုင်းများရှိခဲ့ပါသည်။ သူတို့ရဲ့ ကွန်ယက်မှာ အများအားဖြင့် ကြေးနီဝိုင်ယာများဖြစ်သဖြင့် နေရာဒေသအပေါ်မူတည်၍ မြန်နှုန်းနှင့် စွမ်းဆောင်ရည်များ ကွာဟနိုင်ပါသည်။ ADSL broadband ၂ မျိုးရှိပါသည်။ ADSL 1 နှင့် ADSL 2 တို့ဖြစ်ကြပြီး ADSL 2 မှာ ပိုမိုမြန်ဆန်စေမည့်ရွေးချယ်ရန်အချက်တစ်ခုဖြစ်ပါသည်။ ADSL များ ထုတ်လုပ်ခြင်းကို ယခုအခါတွင် ရပ်နားလိုက်ပြီဖြစ်ပါသည်။

Fiber သို့မဟုတ် ‘အလွန်လျှင်မြန်သော‘ broadband – Fiber ကေဘယ်လ်များဟာပိုမိုမြန်ဆန်သောမြန်နှုန်း များကိုရရှိစေပြီး ပိုမို၍တည်ငြိမ်မှုရှိသောဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆိုပါ အလွန်လျှင်မြန်မှုရှိသော broadband အား မြန်မာနိုင်ငံရှိမြို့အနှံ့အပြားတွင် ယခုအခါတွင် ရရှိနိုင်လျှက်ရှိပြီဖြစ်ပြီး သင်နေထိုင်ရာနေရာ တွင် fiber broadband ရရှိနိုင်သလားဆိုတာကို အစိုးရရဲ့ စာတိုက်သေတ္တာကုဒ်နံပါတ်စစ်ဆေးသည့်ကိရိယာ ကိုအသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ Fiber connection နှစ်မျိုးရှိပါသည် - FTTC နှင့် FTTP တို့ ဖြစ်ပါသည်။ FTTP သည် အမြန်ဆန်ဆုံးသောရွေးချယ်စရာအချက်တစ်ခုဖြစ်ကာ ဈေးနှုန်းလည်း ပိုမိုကြီးမြင့်ပါသည်။ 

Cable - ဒီအရာက fiber optic နှင့် coaxial ကေဘယ်လ်များကို ရောနှောအသုံးပြုထားပါသည်။ ADSL ထက် မြန်ဆန်သော်လည်း မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရရှိနိုင်ဦးမည်မဟုတ်ပါ။ 

ဒီအရာကတစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ လိုင်းဆွဲအား signal များကို ကေဘယ်များထက် satallite အပြားမှတစ်ဆင့် ရရှိမည်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်များအတွင်းက မြန်နှုန်းနှင့်တည်ငြိမ်မှုရရှိရန်အတွက် များစွာသော ပြောင်းလဲတိုးတက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း အခြားသောရွေးချယ်မှုများထက် ပိုမိုဈေးနှုန်းကြီးမြင့်မှုရှိနေပါသည်။

Mobile broadband - ဒီအရာက ကြိုးများမှတဆင့်သွားလာခြင်းကို လုံးဝကျော်ဖြတ်သွားခဲ့ပြီဖြစ်ပြီး သင့်ရဲ့ မိုဘိုင်းလ်ဖုန်း လိုင်းဆွဲအားမှတဆင့် အင်တာနက်သို့ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပါသည်။ သင့်ရဲ့ မိုဘိုင်းလ်ဆက်သွယ်မှုကွန်ယက်ကို PC မှတဆင့် ချိတ်ဆက်အသုံးပြုနိုင်စေရန်အတွက် dongle တစ်ခု သို့မဟုတ် Mi-Fi အားလိုအပ်ပါလိမ့်မည်။ ထိုအရာသည် Wi-Fi hotspot ကို သေးငယ်သော စက်ပစ္စည်းတစ်ခုအတွင်း သယ်သွားခြင်းနဲ့ ဆင်တူပါသည်။

သင်နေထိုင်ရာတွင် မည်သည့် broadband ရွေးချယ်မှုများရရှိနိုင်သည် ကိုကြည့်ရှုရန်

ကျွန်ုပ်တို့ကို သင့်ရဲ့လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်ကိုပေးပို့လိုက်ပါ။ ကျွန်ုပ်တို့မှ သင့်အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သူအား ရှာဖွေပေးပါ့မယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။