Zoom and security

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.5.2020 | Zoom နှင့် လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များ

ရုပ်သံအစည်းအဝေးဝန်ဆောင်မှု (Video Conferencing Service) ပေးသော Zoom ဟာ ရုပ်သံခေါ် ဆိုမှု (Video Chat) များအတွက် end-to-end encryption ကိုအသုံးမပြုထားပါဘူး။

ထိုအရာကို ဈေးကွက်ချဲ့ထွင်မှုပြုလုပ်စဉ်က စာရွက်စာတမ်းများမှာသာဖော်ပြထားပါတယ်။ ပေးပို့ လိုက်တဲ့ Data များကို သူတို့ဟာ TLS encryption ကိုသာအသုံးပြုထားပါတယ်။ ထိုအရာက အင် တာနက်ကွန်ယက်ပေါ်သို့ HTTPS မှတစ်ဆင့်ဝင်ရောက်ခြင်းနဲ့ ဆင်တူပါတယ်။ သို့သော်လည်း ပို့ လွှတ်လိုက်တဲ့ ဒေတာအားလုံးကို Zoom ရဲ့ server များပေါ်တွင်ရယူနိုင်ပါတယ်။ End-to-end encryption ကို အသုံးပြုပြီး encrypt (ဝှက်စာ၊ data များကိုပုံဖျက်ခြင်း) ကို စာတိုများပေးပို့ခြင်း (Text Chat) တစ်ခုတည်းတွင်သာ ပြုလုပ်ပေးထားပါတယ်။ ဖတ်ရှုရန် - ZOOM မှတစ်ဆင့်ပြုလုပ် သည့် အစည်းအဝေးများဟာ ကြော်ငြာမှုပြုလုပ်စဉ်ကကဲ့သို့မဟုတ်ပဲ END-TO-END ENCRYPT ပြုလုပ်ထားခြင်း မရှိပါဘူး

Zoom ဟာ macOS အတွက် version ကို ပြင်ဆင်မှုများပြလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ၎င်း software ဟာ malware (ကွန်ပြူတာဗိုင်းရပ်စ်တစ်မျိုး) ကဲ့သို့လုပ်ဆောင်တော့မည်မဟုတ်ပဲ သင့်ရဲ့ကွန်ပြူ တာကို ထိခိုက်စေတော့မှာမဟုတ်ပါဘူး။ Zoom ဟာ ဒီလိုမျိုး တီထွင်ဆန်းသစ်မှုရှိပြီး အန္တရာယ်များ တဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့ရည်မှန်းချက်အောင်မြင်စေရန်လုပ်ဆောင်မှုတွင် ဒါဟာပထမဆုံးအကြိမ် တော့မဟုတ်ပါဘူး။ ဖတ်ရှုရန် - macOS တွင် Zoom ကို install ပြုလုပ်ပေးသည့် malware နှင့် ဆင်တူနေသော software ကို Zoom မှ update အသစ်နှင့် မြန်ဆန်စွာပြင်ဆင်ပေးခဲ့ပါသည်။ ထို အမှား (error) နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။ Zoom ဟာ Facebook အသုံးပြုသူများအကြောင်း သတင်းအချက်အလက်များကိုပေးပို့နေသည့်ကုဒ် ကို ဖယ်ရှားခဲ့ပါသည်။ အသုံးပြုသူများမှ မိုဘိုင်းလ်ဖုန်းပေါ်တွင် ZOOM ကိုဖွင့်လိုက်သည့်အချိန်တိုင်း တွင် ထိုသူတစ်ဦးထံတွင် Facebook account ရှိရှိ၊ မရှိရှိ အသုံးပြုသူများမသိစေပဲ ထိုကဲ့သို့ အချက် အလက်များကို တိတ်တဆိတ်ပေးပို့လျှက်ရှိနေပါသည်။ ဖတ်ရှုရန် - အချက်အလက်များကို Facebook သို့ပေးပို့နေသောကုဒ်ကို Zoom မှ ဖယ်ရှားခဲ့ပါသည်။

Elon Musk ရဲ့ SpaceX ဟာ သူတို့ရဲ့ဝန်ထမ်းများရဲ့ လုံခြုံရေးကို စိတ်ပူတဲ့အတွက် Zoom ကိုအသုံး မပြုဖို့ကို NASA နှင့်နည်းတူ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ Musk အတွက်တော့ Zoom ဟာ လုံခြုံမှု ဆိုင်ရာ အိမ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။ နောက်ပြီး SpaceX တွင် ဝန်ထမ်းပေါင်း ၆၀၀၀ ကျော် ရှိနေ တဲ့အတွက် အသေးစားလုပ်ငန်းတစ်ခုမဟုတ်သောကြောင့် ပိုမို၍စိတ်ပူရတဲ့အချက်ဖြစ်စေပါတယ်။ Public address (အများသုံး IP address) များမှတစ်ဆင့် Zoom ပေါ်တွင် အစည်းအဝေးပွဲများ ပြု လုပ်ခြင်းနှင့် အစည်းအဝေးပွဲရဲ့ address များ (link များ) ကို ဝေဌခြင်းအား တင်္နလာနေ့တွင် FBI က သတိပေးခဲ့ပါတယ်။ ဖတ်ရှုရန် - Elon Musk ရဲ့ SpaceX ဟာ သူတို့ရဲ့ဝန်ထမ်းများရဲ့ လုံခြုံရေး ကို စိတ်ပူတဲ့အတွက် Zoom ကိုအသုံးပြုခြင်းမှတားမြစ်ခဲ့ပါတယ် - မှတ်စုတို

လုံခြုံရေးအားနည်းချက်များအတွက် Zoom ရဲ့အုပ်ချုပ်သူမှ တောင်းပန်မှုများပြုလုပ်ခဲ့ပြီး ပြင်ဆင်မှု များကို ပြုလုပ်သွားမယ်လို့လဲကတိပေးထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းတွင်အသုံးပြုသူများ ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုများကို လျစ်လျူရှုထားခြင်းနှင့် လုံခြုံရေးချို့ယွင်းချက်အနည်း ငယ်သာ Zoom တွင် ရှိတော့သည့်အတွက် သူတို့ရဲ့ software ကိုအသုံးပြုမှုဟာ ဒီဇင်ဘာလတွင် နေ့စဉ်အသုံးပြုသူ ၁၀ သန်းမှ မတ်လတွင် အသုံးပြုသူ သန်း ၂၀၀ အထိ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါ သည်။တာင်းပန်မှုများနှင့် ကတိပေးပြောကြားမှုများတွင် ပြဿနာရှိနေတာက Zoom ဟာ အခြား သောမှားယွင်းမှုများကို ထပ်ဖန်တစ်လဲလဲပြုလုပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခြင်းနှင့်  ရှောင်ကွင်းနိုင်သော အရာမှန်သမျှတို့ကို ရှောင်တိမ်းခြင်း အစရှိတဲ့ ကိစ္စရပ် တော်တော်များများကို တမင်တစ်ကာလုပ်ဆောင်ခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ဖတ်ရှုရန် - Zoom ရဲ့သူဌေးမှ လုံခြုံရေးဆိုင်ရာ ပြဿနာများအတွက် တောင်းပန်ခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်သွားရန် ကတိပေးခဲ့ပါသည်။

 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။