YouTube restore access to Disney channels after a two-day blackout

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.12.2021 | Disney channel များသို့ ဝင်ရောက်ကြည့်ရှုခွင့် ၂ ရက်ခန့်ပြတ်တောက်သွားခြင်းအား YouTube မှ ပြန်လည်၍ restore ပြုလုပ်ပေးခဲ့ 

Google မှ ပိုင်ဆိုင်တဲ့ YouTube ဟာ ၎င်းတို့ရဲ့ TV ဝန်ဆောင်မှုလုပ်ငန်းတွင် Disney ရဲ့ channel များကို ကြည့်ရှုခွင့် (၂) ရက်ကြာ ပြတ်တောက်သွားခြင်းအား ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကုမ္ပဏီ ၂ ခုအကြား သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ပြန်လည်၍ restore ပြုလုပ်ပေးခဲ့တယ်လို့ reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Official YouTube Twitter စာမျက်နှာမှ ပြုလုပ်ခဲ့တဲ့ tweet တစ်ခုတွင် “ကျွန်ုပ်တို့ဟာ Disney နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ ယခုအခါတွင် ESPN နဲ့ FX အပါအဝင်အခြားသော channel များသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ပြန်လည်၍ restore ပြုလုပ်လျက်ရှိနေပါတယ်” ဟူ၍ရေးသားထားခဲ့ပါတယ်။ 

ကုမ္ပဏီ ၂ ခုစလုံးမှ အဆိုပါသဘောတူညီချက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပဲ Disney ဘက်ကတော့ “ဈေးကွက်အခြေအနေနဲ့လျော်ညီပြီး မျှတတဲ့ရလာဒ်တစ်ခုကို ရရှိစေရန် Google ဘက်က ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် လွန်စွာကျေးဇူးတင်ရှိပါတယ်” ဟူ၍ ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်ချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။