Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
TikTok ဟာအရှိန်အဟုန်နဲ့ တိုးတက်လျှက်ရှိနေတာဖြစ်သော်လည်း YouTube ကတော့ online video လောကတွင် ထိပ်ဆုံးနေရာကရပ်တည်နေဆဲပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတောတစ်ခုတည်းပါပဲ - သူ့ရဲ့ နှစ်စဉ်နှစ်တိုင်း content creator များကို ဘီလျံနဲ့ချီပြီး ပြန်လည်မျှဝေပေးနေတဲ့ revenue sharing program ကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုအခြားသော platform တွေက လိုက်မှီအောင်ကြိုးစားနိုင်ဖို့ကတော့ ခက်ခဲဦးမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီပထမပတ်အတွင်း YouTube ရဲ့ ပင်ရင်းကုမ္ပဏီ Alphabet မှ ပြုလုပ်ခဲ့တဲ့ Q4 performance announcement အရ - YouTube ဟာ အဆိုပါ (၃) လတာ ကာလအတွင်း ကန်ဒေါ်လာ ၈.၆ ဘီလျံကို ကြော်ငြာများမှတဆင့် ရှာဖွေနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတိုင်းအတာဖြင့် ကန်ဒေါ်လာ ၂၈.၈ ဘီလျံအထိ ရှာဖွေပေးနိုင်ခဲ့ပါတယ်။
YouTube ဟာလည်း TikTok ကိုပြိုင်ဆိုင်နိုင်ဖို့ နည်းလမ်းများကို ရှာဖွေနေရပြီး ၎င်းတို့ကိုယ်ပိုင် TikTok အစားထိုး platform တစ်ခုဖြစ်တဲ့ “Shorts” ကို လွှင့်တင်ခဲ့ပြီး Alphabet CEO Sundar Pichai ရဲ့အဆိုအရ “Shorts” ဟာလည်း သိသိသာသာတိုးတက်မှုများကို တွေ့မြင်နေရပြီဖြစ်တယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။