YouTube forced to shut down the popular Discord app Groovy

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.9.2021 | YouTube မှ ရေပန်းစားလျှက်ရှိနေသော Discord app တစ်ခုဖြစ်တဲ့ Groovy ကို ပိတ်သိမ်းသွားစေရန် ဖိအားပေးခဲ့ 

YouTube မှ Discord music bot များကို စတင်၍ အရေးယူမှုများကိုပြုလုပ်လျှက်ရှိနေပြီး Discord တွင် ရေပန်းစားလျှက်ရှိနေတဲ့ Groovy Music Bot ရဲ့ပိုင်ရှင်များထံသို့ operation များကို ရပ်တန့်ရန်အတွက် အမိန့်ပေးစာတစ်ရပ်ကို ပေးပို့ခဲ့ကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ ၎င်းဟာ Discord အသုံးပြုသူများအတွက် YouTube မှ တေးသီချင်းများကိုနားဆင်နိုင်ရန် ပြုလုပ်ပေးတဲ့ Bot တစ်ခုဖြစ်ပြီး လက်ရှိတွင် Discord server ပေါင်း 16 သန်းခန့်မှ ၎င်းကိုအသုံးပြုလျှက်ရှိနေပါတယ်။ 

YouTube ရဲ့ ပြောရေးဆိုခွင့်ရသူတစ်ဦးမှ “ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုကို ပြင်ဆင်မှုများပြုလုပ်၍ စီးပွားဖြစ်ရည်ရွယ်ချက်ဖြင့် အသုံးပြုနေခြင်းကြောင့် Groovy ကို ကျွန်ုပ်တို့ရဲ့ Terms of Service အား ချိုးဖောက်လျှက်ရှိနေကြာင်း အသိပေးခဲ့ပါတယ်” ဟူ၍ ရေးသားထားခဲ့ပြီး Groovy မှလည်း ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုကို ပိတ်သိမ်းပေးခဲ့ပါတယ်။ 

“Groovy ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းဖန်တီးထားတဲ့ bot ဟာ ကောင်းမွန်မှုမရှိတာကြောင့် ကျွန်တော့်အနေနဲ့ ဒီထက်ပိုကောင်းမယ့် bot ကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် Groovy ကို ဖန်တီးခဲ့တာဖြစ်ပါတယ်” ဟူ၍ Groovy Bot ရဲ့ပိုင်ရှင်ဖြစ်သူ Nik Ammerlaan မှ ဝန်ဆောင်မှုပိတ်သိမ်းခြင်းအား ကြေငြာမှုပြုလုပ်စဉ်တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။