YouTube fails to reach a last-minute deal with Disney resulting in a loss of TV programs.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.12.2021 | YouTube မှ Disney နှင့် နောက်ဆုံးအချိန်တွင် သဘောတူညီချက်ပြုလုပ်ရာမှာ အောင်မြင်မှုမရရှိခဲ့တဲ့အတွက် TV program အချို့ကို ဆုံးရှုံးခဲ့ရ 

YouTube မှ Disney နှင့် နောက်ဆုံးအချိန်တွင် သဘောတူညီချက်ပြုလုပ်ရာမှာ အောင်မြင်မှုမရရှိခဲ့ပဲ Disney မှ ပိုင်ဆိုင်ထားသော Channel ပေါင်း တစ်ဒါဇင်ခန့်ကို ၎င်းတို့ရဲ့ live TV streaming ဝန်ဆောင်မှုပေါ်မှ ဖြုတ်ချပေးခဲ့ရတယ်လို့ သတင်းရရှိထားပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှ သတင်းတစ်ပုဒ်အရ ESPN နှင့် ABS အပါအဝင် လူကြည့်များတဲ့ network များကို အဆိုပါဝန်ဆောင်မှုပေါ်မှ ဖယ်ရှားခဲ့ရကြောင်းနဲ့ ယခင်ကကတိပြုထားတဲ့အတိုင်း TV အစီအစဉ်များ လျော့နည်းသွားခဲ့တဲ့အတွက် တိုက်ရိုက်ရလာဒ်အနေနဲ့ YouTube TV ဟာ ၎င်းတို့ရဲ့ subscription ကြေးကို တစ်လလျှင် ကန်ဒေါ်လာ ၅၀ သို့ လျှော့ချပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ 

Disney ကတော့ ပြီးခဲ့တဲ့သောကြာနေ့ (ဒီဇင်ဘာလ၊ ၁၇ ရက်) တွင်နောက်ဆုံးပြုလုပ်ခဲ့တဲ့ပြောကြားချက်တစ်ခုအရ YouTube TV နှင့် ဆက်လက်၍ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာတွင် “လက်ရှိဈေးကွက်အခြေအနေနှင့် အနေအထားများအပေါ်မူတည်၍ သူတို့ဟာ ကျွန်ုပ်တို့နဲ့ မျှတတဲ့သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ငြင်းပယ်ခဲ့ပါတယ်။” “ရလာဒ်အနေနဲ့ သူတို့ရဲ့ subscriber များဟာ ကျွန်ုပ်တို့ရဲ့ ပြိုင်ဘက်ကင်း network များဖြစ်တဲ့ live sports နှင့် news plus kids, မိသားစုနှင့် အထွေထွေဖျော်ဖြေရေး program များဖြစ်တဲ့ ABC, the ESPN networks, the Disney channels, freeform, the FX networks နှင့် National Geographic channel များကို ဝင်ရောက်ကြည့်ရှုနိုင်တော့မှာမဟုတ်ပါဘူး” ဟူ၍ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့မှ “ကျွန်ုပ်တို့ဟာ YouTube TV ကြည့်ရှုသူများအနေနဲ့ တွေ့ကြုံရမယ့်အဆင်မပြေမှုများကို တတ်နိုင်သမျှလျှော့ချပေးနိုင်ရန်အတွက် မျှတတဲ့သဘောတူညီချက်တစ်ခုကို Google နဲ့ တတ်နိုင်သမျှအမြန်ဆုံး ပြုလုပ်သွားရန် ဆန္ဒရှိပါတယ်။ ဒါကြောင့် Google အနေနဲ့လည်း ကျွန်ုပ်တို့နဲ့အတူ ဒီကဲ့သို့ပြုလုပ်ပေးနိုင်ရန်အတွက် ပူးပေါင်းပါဝင်ပေးဖို့အတွက် မျှော်လင့်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။¬

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။