YouTube announced viewers will no longer be able to see the total number of dislikes on a video.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.11.2021 | အသုံးပြုသူများအနေနဲ့ Video တစ်ပုဒ်အပေါ် dislike ပြုလုပ်ထားသည့် အရေအတွက်စုစုပေါင်းကို တွေ့မြင်နိုင်တော့မှာမဟုတ်ကြောင်း YouTube မှ ကြေငြာ

အသုံးပြုသူများအနေနဲ့ Video တစ်ပုဒ်အပေါ် dislike ပြုလုပ်ထားသည့် အရေအတွက်စုစုပေါင်းကို တွေ့မြင်နိုင်တော့မှာမဟုတ်ကြောင်း YouTube မှ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ YouTube ရဲ့ content creator များနှင့် ဆက်နွယ်ပတ်သက်မှုများတွင် တာဝန်ရှိသူ Matt Koval မှ “dislike ပြုလုပ်နိုင်မယ့် button ကို ဆက်လက်ပြီး တွေ့မြင်နိုင်ဦးမှာဖြစ်သော်လည်း video ဖန်တီးသူများမှသာ အသုံးပြုသူများမှ ပေးလိုက်တဲ့ dislike အရေအတွက်ကို တွေ့မြင်နိုင်တော့မှာဖြစ်တယ်” လို့ ဆိုထားခဲ့ပါတယ်။

“ဒီကဲ့သို့ အပြောင်းအလဲများပြုလုပ်ခဲ့ရခြင်းဟာ content creator များရဲ့ video များတွင် အသုံးပြုသူများဘက်မှ အဆိုပါ content creator ကို နှစ်သက်မှုမရှိခြင်းကြောင့် (သို့မဟုတ်) ၎င်းတို့ရဲ့ ရပ်တည်ချက်အပေါ် နှစ်သက်မှုမရှိခြင်းကြောင့် အဖွဲ့များဖွဲ့စည်း၍ dislike များကို ရည်ရွယ်ချက်ရှိရှိပေးခြင်း (dislike attacks) များပြုလုပ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်” ဟူ၍ Koval မှ အသုံးပြုသူများအား ပြောကြားခဲ့ပါတယ်။

ဒီကြေငြာချက်ဟာ YouTube အသုံးပြုနေသူများအကြား အမျိုးမျိုးသောတုန့်ပြန်ချက်များကို ရရှိခဲ့ပြီး လက်ရှိတွင် YouTube ပေါ်၌ Like ၆,၀၀၀ ခန့်နှင့် Dislike ပေါင်း ၁၃,၀၀၀ ခန့်ကို ရရှိခဲ့ပါတယ်။ အချို့သော အသုံးပြုသူများရဲ့ပြောကြားချက်အရ ဒီကဲ့သို့ စုစုပေါင်း Dislike ပြုလုပ်ထားတဲ့ အရေအတွက်ကို တွေ့မြင်နိုင်စွမ်းမရှိခြင်းဟာ ၎င်းတို့ရဲ့ ပြောရေးဆိုခွင့်ကို ပိတ်ပင်တာဖြစ်တယ်လို့ ဆိုထားကြပြီး အချို့ကတော့ ဒီ Dislike ပြုလုပ်ထားတဲ့အရေအတွက်ကိုကြည့်ရှု၍ ၎င်းတို့ဟာ video တစ်ပုဒ်ကို ကြည့်သင့်/ မကြည့်သင့် ခွဲခြားဆုံးဖြတ်ကြတာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။