Xiaomi patented a rotating smartphone

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2020 | Xiaomi မှ လှည့်၍ရသောစမတ်ဖုန်းတစ်မျိုးအား တီထွင်ပြုလုပ်ခဲ့ပါသည်

Xiaomi သည် အလွန်တရာထူးဆန်းသော စမတ်ဖုန်းတစ်လုံးထုတ်လုပ်ရန်အတွက် ကြိုးပမ်းလျှက်ရှိပါသည်။ အရည်အသွေးပြည့်မှီသော အရှေ့ဖက်ကင်မရာလိုအပ်ချက်ကို ဖုန်း၏အပေါ်ပိုင်းတစ်ခုလုံးအားလှည့်လိုက်ခြင်း အားဖြင့်ဖြေရှင်းနိုင်ခဲ့ပါသည်။ ထိုအရာဟာ ဘာနဲ့တူနိုင်ပါသလဲ? မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူများဟာ ဖုန်းရဲ့ရှေ့ ဖက်ကင်မရာများကို အစဉ်အမြဲပိုမိုကာ အရည်အသွေးကောင်းမွန်စေရန်နှင့် ဖြတ်တောက်ထားခြင်းများနှင့် အခြားသောစိတ်အာရုံပျက်စေနိုင်သည့်အရာများပါဝင်မှုမရှိပဲ ဖန်သားပြင်အကြီးအရွယ်အစားအတိုင်း ထိန်း သိမ်းထားနိုင်စေရန်အတွက် အစဉ်မပြတ်ကြိုးပမ်းမှုများကိုပြုလုပ်လျှက်ရှိပါတယ်။ တစ်ခါတစ်ရံတွင် အလွန် စိတ်ဝင်စားဖွယ်ကောင်းသောအကြံဉာဏ်များလည်းထွက်ပေါ်လာတတ်ပါသေးသည်။ ထိုအရာများထဲမှတစ်ခုက တော့ Xiaomi မှ တီထွင်ထုတ်လုပ်လိုက်သည့် device တစ်ခုဖြစ်ပြီး အဆိုပါ device ကို Ausus Zenfone 6 သို့မဟုတ် Samsung Galaxy A80 နှင့်ဆင်တူသော ဖြေရှင်းမှုအတိုင်း အနောက်ဖက်ကင်မရာအား အရှေ့ဖက်သို့လှည့်၍ရနိုင်စေရန် အတွက်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သို့သော်လည်း Xiaomi ၏ဖုန်းတွင် အဆိုပါ device ၏ အပေါ်ပိုင်းတစ်ခုလုံးအား လှည့်နိုင်မည်ဖြစ်ပါသည်။ ဖန်သားပြင်အား အပိုင်း၂ပိုင်း ခွဲခြားထားသည်ဖြစ်သော်လည်း အဆိုပါဖန်သားပြင်ပေါ်တွင် စိတ်အာရုံပျက်စေနိုင်သောလိုင်းများကို မြင်တွေ့ရ မည်မဟုတ်ပါ။ ဖုန်း၏ဘေးဘက်တွင် အလိုအလျှောက် ဖန်သားပြင်အားလှည့်နိုင်မည့်ခလုတ် သို့မဟုတ် lock လုပ်ထားခြင်းအားဖြုတ်ချပြီး အသုံးပြုသူမှကိုယ်တိုင် ကင်မရာအားလှည့်နိုင်စေရန်အတွက် ခလုတ်များပါဝင် လာမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်အလယ်ခန့်တွင် အဆိုပါကုမ္ပဏီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဉာဏ်ပညာဆိုင်ရာပိုင်ဆိုင်မှု ကြီး ကြပ်ခန့်ခွဲရေးဌာနတွင် မူပိုင်ခွင့်တင်ထားခဲ့ပါသည်။ သို့သော် ထိုအရာဟာ ယခုနှစ်ဧပြီလမတိုင်မှီအထိ ခွင့်ပြုမိန့် ကျမလာခဲ့ပါဘူး။ ဒါကြောင့်မို့ ထိုကဲ့သို့သောနမူနာပုံစံငယ်သည် စတိုးဆိုင်များ၏အရောင်းပြခန်းများသို့ရောက်ရှိ လာမလား ဒီဇိုင်းတစ်ခုအနေဖြင့်သာရှိနေမှာလားဆိုတာကိုတော့ ကျွန်ုပ်တို့ အတူစောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

Unicode



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။