Xiaomi has invested $10 Billion in Electric Vehicles over the years

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.4.2021 | Xiaomi မှ လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ရှိနေ 

တရုတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ လျှပ်စစ်ကားများထုတ်လုပ်နိုင်ရန်အတွက်လည်း ကြိုးပမ်းမှုများပြုလုပ်လျှက်ရှိနေပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ရကြောင်း BBC သတင်းတစ်ပုဒ်မှ ဆိုထားခဲ့ပါတယ်။ သူတို့ဟာ “အရည်အသွေးမြင့် smart လျှပ်စစ်ယာဉ်များ” ကို ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း ကုမ္ပဏီမှ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသေးတယ်။ 

ဒေတာအချက်အလက်ကောက်ယူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ရဲ့အဆိုအရ Xiaomi ဟာ Apple နှင့် Samsung တို့ပြီးလျှင် တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုအနေဖြင့်ရပ်တည်နေပြီး ယခုအခါသူတို့ဟာ ပြိုင်ဘက်ကုမ္ပဏီများဖြစ်ကြတဲ့ Apple နဲ့ Huawei တို့နည်းတူ လျှပ်စစ်ကားထုတ်လုပ်ခြင်းလုပ်ငန်းသို့လည်း ဝင်ရောက်လာကြပြီပဲဖြစ်ပါတယ်။ 

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Mr Lei Jun ကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် “အဆိုပါဆုံးဖြတ်ချက်အား ကျွန်ုပ်တို့ရဲ့လုပ်ငန်းလက်တွဲဖော်များနဲ့ များစွာသောဆွေးနွေးမှုများပြုလုပ်အပြီးတွင် ချမှတ်ခဲ့တာဖြစ်ပြီး ဒါဟာကျနော့်ဘဝအတွက် နောက်ဆုံးအနေနဲ့ပါဝင်ပြုလုပ်သွားမယ့် စွန့်ဦးတီထွင်လုပ်ငန်းပရောဂျက်တစ်ခုလည်းဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။