Xbox’s head of research and design left from his position

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.5.2022 | Xbox ရဲ့ head of research and design ဖြစ်သူ ရာထူးမှထွက်ခွာ

Microsoft တွင် နှစ်ပေါင်း ၂၀ နီးပါးလုပ်ကိုင်ခဲ့သော Xbox ရဲ့ head of research and design ဖြစ်သူ Chris Novak ဟာ ကုမ္ပဏီမှထွက်ခွာတော့မှာဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က သူ့ရဲ့ LinkedIn အကောင့်မှတဆင့် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

သူ့ရဲ့ LinkedIn စာမျက်နှာပေါ်တွင်ဖော်ပြထားမှုအရ လက်ရှိရာထူးမှာတော့ သူဟာ ၅ နှစ်ခန့်အလုပ်လုပ်ကိုင်ခဲ့ပြီး Xbox Game Pass, Xbox Cloud Gaming နှင့် Xbox Live ကဲ့သို့သောဝန်ဆောင်မှုများအတွက် user experience ကို ဦးဆောင်တည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်။ Microsoft မှာတော့ သူဟာ design architect နှင့် design director တစ်ဦးအနေနဲ့ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

Novak မှ Microsoft တွင် အလုပ်လုပ်ခဲ့စဉ် သူ့ရဲ့အတွေ့အကြုံများနဲ့ပတ်သက်၍ Polygon နှင့် အင်တာဗျူးပြုလုပ်ခဲ့စဉ်က “Microsoft ဟာ gaming လောကရဲ့အကြောင်းအရာတွေကို ဒီလုပ်ငန်းနယ်ပယ်အတွင်း ကမ္ဘာ့အကောင်းဆုံး ကုမ္ပဏီတစ်ခုထံမှ ကျွန်တော့်အနေနဲ့ သင်ယူနိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်” ဟူ၍ Novak မှ Polygon သို့ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ဟာ သူတို့နဲ့အတူ ဆိုးရွားတဲ့အချိန်မှာရော၊ ကောင်းမွန်တဲ့အချိန်များမှာပါ အတူတကွရှိနေခဲ့တာဖြစ်ပြီး ဒီလိုသင်ယူလေ့လာခဲ့ရတဲ့အချိန်တွေကိုလည်း လွန်စွာတန်ဖိုးထားပါတယ်” ဟူ၍ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။