Xbox Cloud Gaming now supports Steam Deck through Microsoft Edge

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.3.2022 | Xbox Cloud Gaming ကို Microsoft Edge ပေါ်မှတဆင့် Steam Deck ပေါ်တွင် ဆော့ကစားနိုင်ရန် Support ပြုလုပ်ပေးနိုင်ပြီဖြစ်ကြောင်း ကြေငြာ

Microsoft ရဲ့ပြောကြားချက်အရ ၎င်းတို့ဟာ Valve နှင့်အတူတကွပူးပေါင်းဆောင်ရွက်၍ Xbox Cloud Gaming ကို Steam Deck ပေါ်တွင် အသုံးပြု၍ရနိုင်စေရန် ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Steam Deck user များဟာ Xbox game streaming ဝန်ဆောင်မှုကို ယခင်ကတည်းက အသုံးပြု၍ ရနိုင်ခဲ့တာ ဖြစ်သော်လည်း handheld control များကို အသုံးပြု၍ ဂိမ်းကစား၍မရခဲ့ပါဘူး။ ယခုအခါမှာတော့ Microsoft ဟာ Xbox game streaming ဝန်ဆောင်မှုများကိုအပြည့်အဝ အထောက်အပံ့ပေးနိုင်တဲ့ Microsoft Edge beta version ကို ယခုအခါ ထုတ်လွှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

“ကျွန်ုပ်တို့ဟာ Valve နှင့် Xbox Cloud Gaming team တို့နှင့်အတူပူးပေါင်း၍ Xbox Cloud Gaming (Beta) နှင့် Xbox Game Pass Ultimate တို့ကို Steam Deck အတွက် ပြုလုပ်ထားတဲ့ Microsoft Edge Beta မှတဆင့် support ပြုလုပ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။” ဟူ၍ Microsoft Edge ရဲ့ community manager တစ်ဦးဖြစ်သူ Missy Quarry က ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။