Working from home?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.3.2020 | Working from home?

သင်ဟာ အိမ်မှနေ၍အလုပ်လုပ်နေသူတစ်ဦးဖြစ်ပါသလား? အသံဖြင့်အထောက်အကူပြုပေးသည့် voice assistants များကိုပိတ်ထားလိုက်ကာ လျှို့ဝှက်ထားရမည့် (သို့) လျှို့ဝှက်သတင်းအချက် အလက်များပေါက်ကြားသွားနိုင်ခြင်းမှကာကွယ်လိုက်ပါ။

တစ်ကယ်တမ်းတွင် ဥပဒေပညာရှင်များထံမှ ညွှန်းစာများဟာ အဓိပ္ပါယ်လုံးဝမရှိတာတော့မဟုတ်ပါဘူး။ Alexa, Google Assistant နှင့် Siri တို့ဟာ မကြာခဏဆိုသလို အသုံးပြုခြင်းခံရပြီး သူတို့ကြားရတဲ့အရာတိုင်းဟာ operator များထံသို့ပေးပို့ပြီး သိမ်းဆည်းထားခြင်းကိုခံရတာဖြစ်ပါတယ်။ နောက်ပြီး သူတို့ကို အသုံးပြုမနေရင်တောင်မှပဲ ထိုကဲ့သို့ လုပ်ဆောင်နိုင်ကြပါတယ်။ 

အိမ်မှနေ၍ အလုပ်လုပ်နေကြမဟုတ်သောသူများဟာ သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ သက်တောင့် သက်သာမရှိမှုများကို ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ 

ယခုအခါတွင်‌ COVID-19 ကပ်ရောဂါဟာ ခေတ်ပေါ်အလုပ်ပုံစံစတိုင်များအပေါ် အနှောက်အယှက်ဖြစ် လာစေသည့်အတွက် ZDNet မှ ပိုမို၍အတွေ့အကြုံရှိတဲ့သူများဟာ သင့်ကိုအလုပ်ပုံစံအသစ်နဲ့ြမန်မြန် ဆန်ဆန် နေသားကျနိုင်စေရန်အတွက်ကူညီပေးနိုင်ပါလိမ့်မယ်။ 

အဝေးမှအလုပ်လုပ်နိုင်ရန်အတွက်ကိုကျွမ်းကျင်မှုရှိစေရန်မှာ ကောင်းမွန်စွာအလုပ်ပြီးမြောက်နိုင်ရေး နှင့် အမြဲတမ်းဆက်သွယ်မှုရှိနိုင်ရန်အတွက် မှန်ကန်ကိုက်ညီတဲ့ အထောက်အကူပစ္စည်းများကို ရှာဖွေ ခြင်းဟာ အဓိကကျပါတယ်။ ဒီလမ်းညွှန်ချက်ဟာ သင်ဘယ်နေရာသို့ရောက်ရောက သင်နှင့် သင့်ရဲ့အဖွဲ့ ကို ကိုက်ညီမှုရှိစေရန်ညှိနှိုင်းဖို့နှင့် အလုပ်များလုပ်ဆောင်ရာတွင် လိုက်လျောညီထွေရှိနေစေရန်အတွက် လုပ်ဆောင်ပေးနိုင်ပါသည်။ 

ဒါပေမယ့်အချို့သော ပရော်ဖက်ရှင်နယ်များဟာတော့ (ဥပမာ - ရှေ့နေများဟာ) သူတို့ရဲ့ရုံးခန်းအတွင်းရှိ အားသာချက်များရှိမနေတဲ့အခြေအနေကို လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ 

များစွာသောသူများဟာ သူတို့ရဲ့ လုံခြုံစွာပိတ်ထားတဲ့အခန်းများရဲ့ တံခါးများကိုပိတ်ထားပြီး အရေးကြီး တဲ့ ရှေ့နေပညာဆိုင်ရာ အကြောင်းအရာများကို ပြောဆိုရခြင်းနဲ့ နေသားကျနေပြီးသားဖြစ်ကြလို့ပါပဲ။ ထိုနေရာတွင် သူတို့ကို လုံခြုံမှုရှိတယ်လို့ခံစားရစေပါတယ်။

သူတို့ရဲ့အိမ်များမှနေ၍အလုပ်လုပ်ခြင်းအားဖြင့် သူတို့ဟာ ဘယ်သူတွေက သူတို့ကိုထောက်လှမ်းမှုပြု လုပ်နေသလဲဆိုတာကိုစိုးရိမ်နေရပါတယ်။ ဥပမာအားဖြင့် - Alexa နှင့် သူမရဲ့ အသိဉာဏ်ကြွယ်ဝသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ။

 

(Unicode)







 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။