Will Ultra-broadband internet coming out soon?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.9.2020 | Ultra-broadband အင်တာနက် ထွက်ရှိလာတော့မှာလား? 

လန်ဒန်ကောလိပ်ရှိ သိပ္ပံပညာရှင်အဖွဲ့တစ်ခုဟာ data transfer rate များကို fiber-optic ကေဘယ်လ်များမှ တဆင့် သိသိသာသာမြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုအသစ်ကို လက်ရှိ အင်တာနက်နည်းပညာများတွင်ပေါင်းစပ်နိုင်ခဲ့ပါက backhaul network များရဲ့ bandwidth ကို သိသိသာသာ ကိုတိုးမြှင့်နိုင်မှာဖြစ်ပြီး ရလာဒ်အနေနဲ့ အိမ်သုံးအင်တာနက်မြန်နှုန်းများဟာလည်း ပိုမိုကောင်းမွန်တဲ့ ultrafast broadband deal များကိုရရှိနိုင်တော့မှာဖြစ်ပါတယ်။ 

Dr Lidia Galdino ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ hybrid discrete Raman နှင့် rare-earth element များ သုတ်လိမ်းထားတဲ့ fiber amplifier များကိုအသုံးပြုပြီး amplification band များအကြား ကျယ်ပြန့်သော signal gain နှင့် ရောင်စဉ်များအကြား ကွာဟမှုလုံးဝမရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရလာဒ်အနေနဲ့ အင်တာနက်မြန်နှုန်းများဟာ 178.08 Tbps အထိရှိခဲ့ပြီး ထိုအရာက 22.25 TB/s နှင့်ညီမျှပါတယ်။ နှိုင်းယှဉ်၍ရ အောင် ဥပမာပေးရမည်ဆိုလျှင် - Google ရဲ့ ဂျပန်နဲ့ အမေရိကန်အနောက်ပိုင်းသို့ဆက်သွယ်ထားတဲ့ အမြန်ဆန်ဆုံးသော ကေဘယ်လ်ဟာတောင်မှ ဒေတာများကို 60 Tbps အမြန်နှုန်းနဲ့သာ ပေးပို့နိုင်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ခန့်နှင့် နှစ်အချို့ကြာအောင် တည်ဆောက်ခဲ့ရပါတယ်။ 

အကယ်၍ UCL team မှ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီနည်းလမ်းကို ငွေကုန်ကြေးကျမှုနည်းနည်းနဲ့ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ 4G နဲ့ 5G တာဝါတိုင်များကို ချိတ်ဆက်ဖို့ အသုံးပြုနိုင်တဲ့ backhaul network များ၊ ဒေတာစင်တာများ၊ စတိုးဆိုင်များနှင့် အိမ်များတွင်ပင် အသုံးပြုဖို့လက်တွေ့မှာ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုသို့ဖြစ်လာဖို့ကိုတော့ ကျွန်တော်တို့အားလုံး အတိုင်းအတာတစ်ခုအထိတော့ စောင့်ဆိုင်းကြရ ဦးမှာပါ။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။