Will the Luxury versions of Fitbit coming out in the future

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.4.2021 | Fitbit ရဲ့ Luxury ပုံစံ ဒီဇိုင်းအသစ်များကို အနာဂါတ်တွင် တွေ့မြင်လာရတော့မှာလား?

 

Endgadget ရဲ့ သတင်းတစ်ပုဒ်တွင် Fitbit Luxe ရဲ့ အကြောင်း Leak များကို အသေးစိတ်ရေးသားထားခဲ့ပါတယ်။ Fitbit Luxe ဆိုသည်မှာ ယခင် Fitbit ထုတ်ကုန်များကဲ့သို့ fitness tracker တစ်ခုဖြစ်ပြီး အဆိုပါ device တွင်တော့ luxury ပိုဆန်သော stainless steel case နဲ့ OLED screen တို့နှင့်အတူ ပြောင်းလဲတပ်ဆင်၍ရနိုင်သော လက်ပတ်ကြိုးများလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Fitbit မှ မကြာခဏပြောကြားခဲ့ဖူးသလိုပဲ “ကျန်းမာရေးမျှတမှုကို သေသပ်လှပတဲ့ဒီဇိုင်းဖြင့်ထုတ်ပိုးထားသည်” ဟူသည့်ဆောင်ပုဒ်အတိုင်း Luxe တွင် GPS, နှလုံးခုန်းနှုန်းတိုင်းကိရိယာတို့အပြင် ဝတ်ဆင်၍ရေကူးနိုင်သည်အထိ ရေစိုခံသော လုပ်ဆောင်ချက်များလည်းပါဝင်လာမှာဖြစ်ပါတယ်။

Fitbit မှ အဆိုပါ fitness tracker အား မည်သည့်အချိန်တွင်ရောင်းချမှုပြုလုပ်မလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း သတင်းများအရ မကြာခင်မှာထွက်ရှိလာနိုင်ဖွယ် ရှိနေပါတယ်။ Fitbit ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ ရောင်းချမည့်ဈေးနှုန်းဖြစ်လာနိုင်ပါတယ်။ အဆိုပါထုတ်ကုန်ဟာ ငွေကြေးတတ်နိုင်သောလူတန်းစားအား ပစ်မှတ်ထားခြင်းဖြစ်ပေမယ့် အခြားဈေးနှုန်းသက်သာသော်လည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ fitness wearable များဟာလည်း လူအတော်များများအတွက် ထိုက်သင့်သလောက် ကောင်းမွန်တဲ့အရာများဖြစ်နေသောကြောင့် အဆိုပါ wearable device များနဲ့လည်း ယှဉ်ပြိုင်ရဦးမှာဖြစ်နေလို့ပဲဖြစ်ပါတယ်။

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။