Will coronavirus lead to more cyberattacks?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.6.2020 | ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း Cyber တိုက်ခိုက်မှုများပိုမိုများပြားလာမှာလား? 

အားလုံးသိကြတဲ့အတိုင်းပါပဲ ဒီ COVID-19 ကပ်ရောဂါကြီးဟာ ကမ္ဘာတစ်လွှားရှိလူများဆီသို့ အဆင်မပြေမှုများစွာကိုယူဆောင်လာခဲ့ပါတယ်။ အလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်ရန်လိုအပ် သော Tools တွေ gadget တွေ နည်းပါးစွာနဲ့ အိမ်မှတစ်ဆင့်အလုပ်လုပ်ရခြင်း၊ အရင်လို အပြင်သို့ ထွက်လည်လို့မရတော့ခြင်း၊ သွားရေးလာရေးအခက်အခဲတွေနဲ့ လစာငွေပြဿနာများ အစရှိတဲ့ အဆင်မပြေမှုများစွာကို ကျွန်ုပ်တို့ဟာကျော်ဖြတ်နေကြရပါတယ်။ သို့သော်လည်း ဒီကပ်ရောဂါ ကာလအတွင်း ဖြစ်လာနိုင်တဲ့ ပြဿနာတွေထဲမှာ Cyberattack လို့ခေါ်တဲ့ (အင်တာနက်လုံခြုံရေး ချိုးဖောက်မှု) ပြဿနာတွေလဲပေါ်ပေါက်လာနိုင်ပါသေးတယ်။ 

၁။ Work from home ပေါ်လစီလား မိမိတို့ကွန်ပြူတာကို Hack မယ့် ပေါ်လစီလား? 

ဒီအရာက supervisor တစ်ဦးထံမှ e-mail နဲ့ဆင်တူပြီး attachment တွင် “ new work from home policy“ ဟုရေးထားတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ network တစ်ခုအတွင်းသို့ hack ပြီးဝင်ရောက်ရန်အတွက် လိမ်မာပါးနပ်စွာထောင်ချောက်ဆင်ထားတာဖြစ်နိုင်ပါတယ်။ လူသန်းပေါင်းများစွာ အဝေးမှ/ အိမ်မှအလုပ်လုပ်ဖို့ရုတ်ချည်းဖြစ်ပေါ်လာတဲ့ ဒီအပြောင်းအလဲဟာ မရေတွက်နိုင်တဲ့ cyber တိုက်ခိုက်မှုများနဲ့ လူများထံမှ သူတို့ရဲ့ကိုယ်ရေးအချက်အလက်များကို မသမာသောနည်းလမ်းနဲ့ရယူခြင်းများဖြစ်ပေါ်လာစေတယ်လို့ လုံခြုံရေးဆိုင်ရာ သုတေသီများက ဆိုပါတယ်။ 

၂။ Cyber attack များပြုလုပ်ရန် အကောင်းဆုံးအချိန် 

ဒီကပ်ရောဂါကြီးဟာ cyber attack များပြုလုပ်ရန်အတွက်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ လူသန်းပေါင်းများစွာဟာ သူတို့နဲ့ရင်းနှီးမှုမရှိတဲ့၊ လုံခြုံမှုအပိုင်းအရ အားနည်းနေ တဲ့အခြေအနေတွေမှာအလုပ်လုပ်နေရပြီး virus အကြောင်းသတင်းတွေနဲ့ အဖွဲ့အစည်းဆိုင်ရာပေါ်လစီအပြောင်းအလဲများကိုအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက် မတည်ငြိမ်မှုတွေအများအပြားရှိနေပြီး cyber attack များပြုလုပ်ရန်အကောင်းဆုံး အချိန်ဖြစ်နေပါတယ်။ 

၃။ အရေးကြီးတဲ့ သတင်းအချက်အလက်များကိုခိုးယူခြင်း 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကောင်းမွန်သောရည်ရွယ်ချက်မရှိတဲ့ ဟန်ဆောင်သူများအနေနဲ့ pishing email များ (သို့) “social engineering“ များကိုအသုံးပြုပြီး အရေးကြီးတဲ့သတင်းအချက် အလက်များကိုဝင်ရောက်ကြည့်ရှုရန်နဲ့ ခိုးယူရန်အခွင့်အရေးများရရှိသွားနိုင်ပါတယ်။ တစ်စုံတစ် ယောက်က သူတို့ရဲ့အိမ်မှတစ်ဆင့်အလုပ်လုပ်ရတဲ့အခါမှာ ထိုအရာက လေဆိပ်များနဲ့ Starbucks ဆိုင်များတွင်အင်တာနက်အသုံးပြုသကဲ့သို့ပင် အလုပ်မှာရရှိနိုင်မယ့်လုံခြုံမှုမျိုးရှိနေမှာမဟုတ်ပါဘူး။ 

၄။ ကြောက်ရွံ့စေတဲ့နည်းလမ်းများ 

သန်းပေါင်းများစွာသောလူတို့ဟာ အခြေအနေအသစ်တွေနဲ့နေသားကျအောင်ကြိုးစားနေကြရပြီး အဝေးမှအလုပ်လုပ်ခြင်းအတွက်ပြင်ဆင်ထားမှုမရှိသေးတဲ့အတွက် တိုက်ခိုက်သူများဟာ လူတွေရဲ့ COVID0-19 အပေါ်ကြောက်ရွံ့မှုတွေကိုအသုံးပြုပြီး ခြောက်လှန့်တဲ့နည်းလမ်းတွေနဲ့ သူတို့ရဲ့ ကောင်းမွန်သောရည်ရွယ်ချက်မရှိတဲ့ link (သို့) attachments တွေကိုနှိပ်မိသွားအောင်လုပ်ဆောင်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်ချင်းစာတရားကိုအသုံးချပြီး လည်း crowdfunding page အတုတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့သူတွေကို ခုတုံးလုပ်ပြီး အသုံးချသွား နိုင်ပါတယ်။ 

၅။ Cyber criminal တွေအတွက်တော့ အမြတ်အစွန်းထွက်မယ့်အချိန်ပါပဲ

COVID-19 ကိုကြောက်ရွံ့ခြင်းများဟာ ပြီးခဲ့တဲ့အပတ်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှလူများဟာ လူနာတွေကိုစစ်ဆေးဖို့၊ ရောဂါပိုးရှိသူတွေကိုကုသ ပေးဖို့နဲ့ သူတို့ရဲ့ဝန်ထမ်း တွေကို ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ရန်အတွက် အကြောင်းအရာများစွာနဲ့ အလုပ်ရှုပ် နေချိန်တွင် cyber criminal များကတော့အမြတ်ထွက်ခဲ့တယ်လို့ဖော်ပြနေပါတယ်။ 
ကျန်းမာရေးကဏ္ဍရှိ အခြေခံအဆောက်အအုံများဟာ နည်းပါးတဲ့ cyber လုံခြုံရေးကျွမ်းကျင်မှုများ နဲ့ ၎င်းအရာများမှ ကာကွယ်ပေးသည့်အရာများရှိမနေသည့်အတွက် Hacker များရဲ့တိုက်ခိုက်မှုများ ကို အခံရနိုင်ဆုံးဖြစ်နေပါတယ်။ 

၆။ ငွေကြေးကြောင့် cyber attack များပြုလုပ်လိုစိတ်ရှိနေခြင်း 

အကုန်အကျများနိုင်သော Cyber attack များကိုသတိထားရန်အတွက် သတိပေးချက်များထုတ်ပြန် ထားသော်လည်း Scammer များဟာ ကာကွယ်ဆေးအတုများနဲ့ အခြားဆေးပစ္စည်းအတုများကို virus အတွက် ကုသဆေးများဖြစ်သည်ဟုဆိုကာလိမ်လည်ရောင်းချလာခြင်းများရှိလာနိုင်ပါတယ်။ 

Cyber schemes တွေအားလုံးနီးပါးဟာ ကပ်ရောဂါနဲ့ဆက်စပ်နေတဲ့ကိစ္စများတွင်သာဖြစ်နေပြီး သူတို့ဟာ ငွေကြေးရလိုမှုကြောင့် ထိုသို့ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ 

ဒီဆောင်းပါးလေးဟာ သင့်ကိုဖြစ်ပွားလာနိုင်ချေရှိတဲ့ Cyberattacks တွေ၊ အင်တာနက်ပေါ်မှ လိမ်လည်မှုတွေနဲ့ အကောက်ကြံမှုတွေကို သတိထားလာနိုင်မိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အိမ်မှာနေရင်းလည်း သင့်ရဲ့ အင်တာနက်ကို လုံခြုံမှုရှိအောင် သတိရှိရှိနေထိုင်သွားဖို့လည်း ကျွန်ုပ်တို့ က အကြံပြုလိုပါတယ်ခင်ဗျာ။

(Unicode)















Cyber schemes တှအေားလုံးနီးပါးဟာ ကပျရောဂါနဲ့ဆကျစပျနတေဲ့ကိစ်စမြားတှငျသာဖွဈနပွေီး သူတို့ဟာ ငှကွေေးရလိုမှုကွောင့ျ ထိုသို့ပွုလုပျနကွေတာပဲဖွဈပါတယျ။


သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။