Why does one online internet speed test site (speedtest.net) indicate a speed of 37Mbps while another (Fast.com) indicates just 3.7Mbps?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.7.2020 | Online internet speed စစ်ဆေးတဲ့ site တစ်ခုဖြစ်တဲ (speedtest.net) ဟာ 37 Mbps မြန်နှုန်းကို ဖော်ပြနေပြီး နောက်ထပ် site တစ်ခုဖြစ်တဲ့ (Fast.com) မှာတော့ 3.7 Mbps မြန်နှုန်းကိုသာဖော်ပြနေ ရတာလဲ?

စစ်ဆေးမှုအဖြေများဟာ speed test server နဲ့ စစ်ဆေးမှုပြုလုပ်လိုက်တဲ့နေရာအပေါ်မူတည်ပြီး အပြောင်းအလဲများရှိနိုင်သော်လည်း ထိုမျှအထိတော့ ကွဲလွဲမှုမရှိနိုင်ပါဘူး။ သို့သော်လည်း Latency များဟာ network လိုင်းကြပ်တည်းမှုနဲ့ ပေးအပ်ထားတဲ့လိုင်းဆွဲအားပမာဏအတွင်းရရှိနိုင်တဲ့ bandwidth ပမာဏတို့နဲ့သက်ဆိုင်မှုရှိနေတဲ့အတွက်ကြောင့် စမ်းသပ်မှုတိုင်းတွင် ကွဲလွဲမှုရှိနေနိုင်တာ တော့အမှန်ပါပဲ။ နောက်ပြီး ထိုအရာဟာ website တစ်ခုက သင့်ရဲ့ connection ကိုဘယ်လို detect လုပ်ပြီးသင့်ရဲ့ speed test request ကိုဘယ်လိုလုပ်ဆောင်ပေးသလဲဆိုတဲ့ Algorithmနဲ့ သင့်ရဲ့ ISP (အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ) တို့ အပေါ်တွင်လည်းမူတည်နေပါတယ်။ 

ဒါကြောင့်မို့ စစ်ဆေးမှု ၅ခုမှ ရရှိခဲ့သောအဖြေများအပေါ်အခြေခံကြည့်ပါက မတူကွဲပြားသော website များဟာ speed test request များကို ကွဲပြားစွာပြုမူလုပ်ဆောင်ပေးကြတာကိုတွေ့မြင်နိုင် ပြီး ထိုအရာက algorithm, network လိုင်းကြပ်တည်းမှု, ရရှိနိုင်တဲ့ bandwidth ပမာဏ, ထို server တစ်ခုသို့ ချိတ်ဆက်အသုံးပြုနေတဲ့ အသုံးပြုသူဦးရေနှင့် server ဟာ အသုံးပြုသူများထံက request များကို ဘယ်လောက်အထိ ထိရောက်စွာကိုင်တွယ်နိုင်သလဲဆိုတာများအပေါ်မူတည်နေပါတယ်။ 

အချို့သော server များဟာ download request များကို ကိုင်တွယ်ရာတွင်အလွန်ကောင်းမွန်သော် လည်း အချို့ကတော့ upload request များကို ကိုင်တွယ်ရာတွင် အလွန်ကောင်းမွန်နေတတ်ပါ တယ်။ ဒီအရာက တစ်စုံတစ်ယောက်ကအသုံးပြုနေတဲ့ အင်တာနက် connection နဲ့ ထိုအင်တာနက် connection ကိုပေးအပ်နေတဲ့ ISP ရဲ့အပေါ်တွင်လည်းမူတည်နေနိုင်ပါတယ်။

Broadband speed ကို Mbps နဲ့ တိုင်းတာကြပါတယ်။ 
၁။ သင်ပြောခဲ့တဲ့အတိုင်းဆိုရင် speedtest.net ဟာ သင့်ရဲ့ connection ကို 37 Mbps ရှိတယ်လို့ ပြသခဲ့ပါတယ်။ 
ဒီမှာကြည့်လိုက်ပါ - 

Mbps = Megabits per second.
bytes > bits

1 byte နဲ့ညီမျှမှုရှိရန်အတွက် ဒေတာပမာဏ  8 bits လိုအပ်ပါတယ်။ 
ဒီတော့ 37 ကို 8 နဲ့စားလိုက်တဲ့အခါမှာ = 4.6 Megbytes per second ကိုရပါတယ်။ 
နောက်ထပ်သင့်ရဲ့ test result တစ်ခုမှာတော့ 
၂။ fast.com ဟာ သင့်ရဲ့ connection ကို 3.7 Mbps ရှိတယ်လို့ပြသခဲ့ပါတယ်။ 
ဒီတော့ ထိုအရာဟာ သင့်ကိုတစ်ကယ့် connection speed ဖြစ်တဲ့ 3.7 Megabytes per second ကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူကွဲပြားတဲ့ test ၂ခုတွင် ကွဲလွဲမှုများရှိနိုင် သော်လည်း ထိုမျှအထိတော့ မကွဲလွဲနိုင်လို့ပါပဲ။ ထိုသို့အလွန်လွဲမှားစွာပြသနေသော test များ ရှိကောင်းရှိနိုင်သော်လည်း ထိုသို့ဖြစ်ဖို့မှာ အလွန်တရာရှားပါးလှပါတယ်။ 

ထို test နှစ်ခုရဲ့အကြား ခြားနားမှုကိုနှိုင်းယှဉ်ကြည့်ပါက
4.6 Mega bytes per second - 3.7 Megabytes per second = 0.9 Megabytes per second သာရှိပါတယ်။ 

ထို့ကြောင့် 0.9 Mbps သာကွာခြားမှုဟာ speed test များလုပ်ဆောင်ရာတွင် လျစ်လျှူရှုထားနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ကျွန်ုပ်တို့အရင်ကတင်ခဲ့ဖူးတဲ့ test result တွေရဲ့ screenshot များတွင် မြန်နှုန်း ကျဆင်းခြင်းများနဲ့ အင်တာနက်လိုင်းကြပ်တည်းမှုနှင့် server တည်နေရာ (အမှန်တကယ် server ကို ထားရှိသည့်နေရာ) အပြောင်းအလဲများကြောင့် latency တက်လာခြင်းများကိုပြသခဲ့ဖူးတဲ့အတိုင်းပါပဲ။ 

(Unicode)




Mbps = Megabits per second.
bytes > bits




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။