Why all speed tests are different?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.7.2020 | အင်တာနက်မြန်နှုန်းစစ်ဆေးမှုများပြုလုပ်တဲ့အခါတိုင်း ဘာကြောင့်ကွဲလွဲမှုတွေရှိနေတာလဲ?

ဒီကိစ္စရပ်တွင် မမြင်နိုင်တဲ့ ကြိုတင်ခန့်မှန်းမရနိုင်တဲ့အရာတွေရှိနေပါတယ်။ အောက်ပါအချက်များက တော့ ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် အသုံးပြုနိုင်တဲ့ သိမှတ်ဖွယ်ရာအချက်များပဲဖြစ်ပါတယ်။

ဒီစစ်ဆေးမှုများဟာ ပြီးပြည့်စုံမှုရှိနေတာတော့မဟုတ်ပါဘူး။ ၎င်းတို့ဟာ ICMP* (Internet Control Message Protocol) သို့ packet များပေးပို့ပြီး ဒေတာအသွားအပြန်ပြုလုပ်ရတဲ့ကြာချိန်ကိုတွက်ချက် ခြင်းအားဖြင့် အင်တာနက်မြန်နှုန်းကို စမ်းသပ်ခြင်းပဲဖြစ်ပါတယ်။ ICMP များဟာ layer 3 တွင် အလုပ်လုပ်တာဖြစ်ပြီး သင့်ရဲ့ application များဖြစ်တဲ့ (ဥပမာ - google) ဟာ layer 7 တွင် အလုပ် လုပ်တာဖြစ်ပါတယ်။ layer မြင့်လေလေ ICMP packet များကို ဦးစားပေးမှုမရှိလေလေဖြစ်ပြီး တိကျ တဲ့ရလာဒ်များကိုပေးစွမ်းနိုင်မှာတော့မဟုတ်ပါဘူး။ Internet ပေါ်မှ download/ upload ပြုလုပ်ခြင်း (သို့) 8.8.8.8  သို့ ping ပြုလုပ်ပြီး http port နံပါတ် 80 နှင့်အတူ စစ်ဆေးကြည့်ရှုလိုက် ပါ။

“ICMP (Internet Control Message Protocol) ဆိုသည်မှာ error များကို report ပြုလုပ်နိုင်တဲ့ router ကဲ့သို့သော protocol network device များကိုအသုံးပြုကာ source IP address ဆီသို့ network ပိုင်းဆိုင်ရာပြဿနာများကိုတွေ့ကြုံရတဲ့အခါတွင် IP packet များကို ပေးပို့ခြင်းမပြု လုပ်နိုင်သည့်အခါများ၌ error message များကို ပို့လွှတ်ပေးသည့်အရာဖြစ်ပါသည်။ ICMP များဟာ message များကို အင်တာနက်ချိတ်ဆက်ရန် gateway ဖြစ်တဲ့ router, ဝန်ဆောင်မှု (သို့) host ဟာ packet delivery ပြုလုပ်ရန်အတွက် ချိတ်ဆက်၍မရနိုင်ဘူးဆိုတဲ့အကြောင်းကို source IP address ဆီသို့ message များ ဖန်တီးပေးပို့ပြီးအကြောင်းကြားပေးပါတယ်။ IP network device တိုင်းဟာ ICMP message များကို ပေးပို့၊ ရယူနိုင်တဲ့ လုပ်ဆောင်ချက်စွမ်းရည်ရှိကြပါတယ်။

 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။