White House official said: TikTok could operate as American company, better solution than banning

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.7.2020 | အမေရိကန် အိမ်ဖြူတော်အရာရှိတစ်ဦးက TikTok အနေနဲ့ တားမြစ်ပိတ်ဆို့ခြင်းများကိုရှောင်ရှားနိုင်ရန် အမေရိ ကန် ကုမ္ပဏီတစ်ခုအနေနဲ့လှုပ်ရှားနိုင်ကြောင်းပြောဆိုခဲ့

TikTok အနေနဲ့ သူတို့ရဲ့တရုတ်ကုမ္ပဏီမှခွဲထွက်ပြီး သီးခြားအမေရိကန်ကုမ္ပဏီတစ်ခုအနေနဲ့လှုပ်ရှားခြင်းဟာ ban ခံရခြင်းထက်ပိုကောင်းမယ့်အဖြေတစ်ခုဖြစ်နိုင်ကြောင်း ထိပ်တန်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ Larry Kudlow ကလည်း TikTok ဟာ သူတို့ရဲ့ပင်မ တရုတ်ပြည်ကနေခွဲထွက်ပြီး သီးခြားရပ်တည်နေတဲ့အမေရိကန်ကုမ္ပဏီတစ်ခုအဖြစ်ဆက်လက်လုပ်ဆောင်နိုင် စေရန်ကြိုးပမ်းလျှက်ရှိကြောင်း သတင်းပေးပို့မှုတွေရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေက ဒီ တရုတ်လုပ်ငန်းကိုဝယ်ယူကြနိုင်သလားဆိုတာကိုမေးမြန်းကြည့်ရာတွင်တော့ ၎င်းက “ဒါကိုတော့ ခန့်မှန်းပြောဆို ခြင်းမပြုလိုဘူး” ဟူ၍ ပြောကြားခဲ့ပါတယ်။” “ဒါကဈေးကွက်ဆိုင်ရာမေးခွန်းတစ်ခုပါပဲ၊ ဒါပေမယ့်ကျွန်တော့် အနေနဲ့ပြောလိုတာကတော့ ဒါဟာ ban ခံရတာနဲ့စာရင် ပိုမိုကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ခုပဲဖြစ်တယ်” ဟူ သူက ပြောဆိုသွားခဲ့ပါတယ်။ 

TikTok ကို အမေရိကန်နိုင်ငံတွင် ban ဖို့ဆုံးဖြတ်ချက်ဟာ အိန္ဒိယက ပြီးခဲ့တဲ့လအတွင်း TikTok အပါအဝင် တရုတ် app ပေါင်း ၅၉ခုကို ban ခဲ့ပြီးနောက်တွင် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များဟာလည်း အိန္ဒိယရဲ့ တရုတ် app များကို အမျိုးသားလုံခြုံရေးအတွက် ban ဖို့ ဆုံးဖြတ်ချက်ကိုထောက်ခံကြပြီး သမ္မတကြီး Trump ကို TikTok နဲ့ အခြားသော တရုတ် mobile application များ ကို ban ဖို့အတွက် တိုက်တွန်းခဲ့တယ်လို့သိရှိရပါတယ်။ 
 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။