Which phone are users most satisfied with?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.5.2020 | ဘယ်ဖုန်းများကို အသုံးပြုသူများဟာ စိတ်ကျေနပ်မှုအရှိဆုံးလဲ?

အမေရိကန်ရဲ့ သုံးစွဲသူစိတ်ကျေနပ်မှုတိုင်းတာချက်ညွှန်းကိန်းများ (American Customer Satisfaction Index) ဟာ ဘယ်ဖုန်းကိုအသုံးပြုသူတွေဟာ စိတ်ကျေနပ်မှုအရှိဆုံးလဲဆိုတာနဲ့ ဘယ် smartphone များဟာ သုံးစွဲသူတို့အကြား ရေပန်းအစားဆုံးဖြစ်သလဲဆိုတာကို ရှာဖွေဖော်ထုတ်ခဲ့ပါ တယ်။ 

ဒီလေ့လာချက်တွင် ဖြေကြားသူများကို သူတို့အသုံးပြုနေတဲ့ smartphone တစ်လုံးရဲ့ တပ်ဆင်ထား တဲ့အရာများ၊ ဘက်ထရီသက်တမ်း၊ ပုံပန်းသဏ္ဍန်၊ ဆော့ဝဲလ်နှင့် ရုပ်သံအရေအသွေးတို့ကို အကဲဖြတ်ပေးရန်အတွက် မေးမြန်းပြောကြားခဲ့ပါတယ်။ အံ့အားသင့်စွာပင် ဗိုလ်စွဲသွားတဲ့ဖုန်းဟာ နောက်ဆုံးပေါ် ဖုန်းတစ်ခုမဟုတ်ပဲ ၂နှစ်အကြာကထုတ်လုပ်ခဲ့တဲ့ Samsung ဖုန်းဖြစ်နေပါတယ်။ 

Samsung Galaxy Note 9 ဟာ ပထမနေရာတွင် ဗိုလ်စွဲခဲ့ပြီး S9+ နဲ့ S10 မော်ဒယ်များဟာ ဒုတိယနဲ့ တတိယ အသီးသီးရရှိခဲ့ပါတယ်။ စတုတ္ထနေရာတွင်တော့ iPhone XS Max ကို အသုံးပြု သူများက ရွေးချယ်ပေးခဲ့ပါတယ်။ 

ဒီအဆင့်သတ်မှတ်ချက်ဟာ အမေရိကန်ရှိ ၃၅၀၀၀၀ သော အသုံးပြုသူများရဲ့အမြင်များအရ သတ်မှတ်ထားခြင်းဖြစ်တဲ့အတွက်ကြောင့် Samsung နဲ့ iPhone များထိပ်ဆုံးနေရာကိုရရှိခဲ့ခြင်းဟာ အံ့အားသင့်ဖွယ်တော့မဟုတ်ပါဘူး။ Huawei ဟာ ဒီစာရင်းထဲတွင်တော့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ 

(Uni)




 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။