Where to ideally place your Wifi router?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2020 | သင့်ရဲ့ Wifi router ကို ဘယ်နေရာတွင်ထားခြင်းက အသင့်တော်ဆုံးလဲ?

သင့်ထံတွင် အိမ်သုံး ကြိုးမဲ့အင်တာနက်ကွန်ယက်တစ်ခုရှိပါသလား? ထိုအရာမှ အမှန်တကယ်အမြင့်မားဆုံးစွမ်း ဆောင်ရည်ရရှိစေရန်လုပ်ဆောင်လိုပါသလား?

ဒါဆိုရင်တော့ သင့်အနေနဲ့ အရည်အသွေးပြည့်မှီတဲ့ router တစ်လုံးကိုဝယ်ယူကာ သူ့ကိုနေရာချမည့် နေရာကို သေသေချာချာစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အကယ်၍ မသင့်တော်တဲ့နေရာကိုသင်ရွေး ချယ်မိပါက အမှန်တကယ် အကောင်းတကာ့အကောင်းဆုံးသော စက်ပစ္စည်းများပင်လျှင် အိမ်တစ်ခု လုံးအား ကောင်းမွန်စွာလွှမ်းခြုံနိုင်မှာမဟုတ်ပါဘူး သို့သော်လည်း တစ်ချိန်တည်းမှာပင် ငွေကြေးအနည်းငယ်သာ အသုံးပြုပြီးလည်း လုံလောက်မှုရှိကောင်းရှိနေနိုင်ပါသည်။ ထိုသို့ဖြစ်ဖို့ရာ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သိရှိ စေရန်အတွက် ဆက်လက်ဖတ်ရှုလိုက်ပါ။

သင့်ထံတွင် ကြိုးမဲ့အင်တာနက်ကွန်ယက်နှင့် ပက်သတ်ပြီး အတွေ့အကြုံမရှိသည့်အခါ

ယနေ့ခေတ်တွင် ပိုမို၍များပြားလာသော မိသားစုများဟာ သူတို့၏ကိုယ်ပိုင် ကြိုးမဲ့အင်တာနက် ကွန်ယက်များကို တပ်ဆင်ထားကြပါသည်။ အကယ်၍ စက်ပစ္စည်းတပ်ဆင်အပြီးတွင်မှ သင်ဟာ signal ၏ အရည်အသွေးကိုကျေနပ်မှုမရှိပါက ထိုအရာသည် ဆိုးရွားသော signal သို့မဟုတ် ပစ်ချက် ရှိသော router ကြောင့်မဟုတ်နိုင်ပဲ သင်သည် router အတွက် သင့်တော်မှုမရှိသော နေရာထိုင်ခင်း အား ရွေးချယ်မိသောကြောင့်ဖြစ်နိုင်ပါသည်။ Signal ဖြင့် သင်လွှမ်းခြုံလိုသောဧရိယာ၏ အလယ်တွင် သင့်ရဲ့router ကိုထားရှိဖို့ဟာ ယျေဘူယျကျသော စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း သင့်အနေဖြင့် signal ကိုအား‌နည်းစေမည့် သိုမဟုတ် လုံးဝ ဝင်ရောက်မှုမရှိစေရန် တားဆီးနိုင်မည့် အတားအဆီးများကို ထည့်သွင်းစဉ်းစားထားသင့်ပါသည်။ Router ကိုကြမ်းပေါ်တွင်ထားရှိခြင်းသည် တစ်ခါတစ်ရံတွင် လက်တွေ့ဆန်ပြီး အနှောက်အယှက်ဖြစ်နိုင်မည်မဟုတ်ဟု ထင်မြင်ရသော်လည်း ထိုအရာသည် များသောအားဖြင့် သင့်လျော်တဲ့အရာတော့မဟုတ်ပါဘူး။ ထိုအစား ပရိဘောဂပစ္စည်းတစ်ခုခု၏အပေါ်တွင် router ကိုတင်ထားပြီး ဖြစ်နိုင်ပါက မျက်လုံးနှင့်တပြေးတည်းရှိပြီး လက်လှမ်းမှီသောနေရာတွင်ထားကာ ဖုန်နှင့်အညစ်အကြေးများမတင်ပါစေနဲ့။ အဘယ်ကြောင့်ဆိုသော် ထုတ်လွှင့်လိုက်သော signal များသည် အနီးစပ်ဆုံးအားဖြင့် ကတော့ချွန်ပုံသဏ္ဍန်ဖြင့် ဦးတည်ရာသို့ ပျံ့နှံ့သွားမည်ဖြစ်သဖြင့် အတားအဆီးတိုင်းသည် signal များ၏အရည်အသွေးကိုလျော့ကျစေနိုင်ပါသည်။ ထို့အတွက်ကြောင့် transmitter (router) နှင့် receiver (laptop သို့မဟုတ် အခြားသော device များ) အကြားတွင် တိုက်ရိုက်မြင်တွေ့နိုင်မှုရှိပါက အသင့်တော်ဆုံးဖြစ်ပါသည်။

အနှောက်အယှက်များဖြစ်စေနိုင်သည့် အကြောင်းအရင်းများ

Router နှင့်အနီးတစ်ဝိုက်တွင် တီဗီများ၊ စပီကာများ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများ၊ ရေခဲသေတ္တာများရှိနေပါက signal များကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် မထားရှိသင့်ပါဘူး။ ထို့အတူပဲ ထူထဲသောနံရံများမှာလည်း အဟန့်အတားများဖြစ်ကြပါသည်။

ထို့ကြောင့် သင်ဟာ တိုက်ခန်းတစ်ခု၏တိကျသော အခင်းအကျင်းအပြင်အဆင်အရ router ကိုထားရှိရမည့် နေရာကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ပိုမိုလူသိနည်းတဲ့ အချက်ကတော့ နံရံများ၊ သတ္တု ဘောင်များပါသော နံရံများအပြင် မှန်များ သို့မဟုတ် ငါးကန်များသည်လည်း router အား ခိုင်မာစွာ ကာဆီးထားနိုင်ပြီး ရည်ရွယ်ရာဦးတည်ချက်တစ်ခုဆီသို့ ပြန့်နှံ့ရောက်ရှိမှုမရှိစေရန် ဟန့်တားနိုင်သောကြောင့် ပြဿနာများကိုဖြစ်စေနိုင်ပါသည်။

သင့်အနေနှင့် ထိုကဲ့သို့ပြဿနာရှိသောနေရာများတွင်ပင် ကောင်းမွန်သော signal ကိုရရှိလိုပါက

ထိုနေရာသည် ကြီးမားသောတိုက်ခန်းတစ်ခု သို့မဟုတ် အထပ်များစွာပါဝင်သောအိမ်တစ်လုံးဖြစ်ပါက router အား မတူကွဲပြားသောနေရာများတွင် စမ်းသပ်၍ထားကြည့်ကာ သင့်အနေနဲ့ များသောအားဖြင့်ရရှိရန်လိုအပ်သော signal ၏ ပြင်းအားနှင့် ရရှိနိုင်မှုတို့ကို စစ်ဆေးကြည့်ရှုပါ။ အကယ်၍ သင်ဟာ ဘက်ပေါင်းစုံသို့ signal များကိုစက်ဝိုင်းပုံစံလွှင့်ထုတ်နိုင်သည့် အင်တာနာများကိုအသုံးပြုပါက ရလာဒ်များဟာ ပိုမို၍ကောင်းမွန်နိုင်ပါသည်။

ဒီအတွက်ကြောင့် အလွန်ကောင်းမွန်သော router များကိုအသုံးပြုရန်မှာ အလွန်အရေးကြီးကာ ရင်းနှီးမြှပ်နှံမှုတစ်ရပ်ဖြစ်နေပါသည်။ သို့သော်ထိုအရာက အကျိုးဖြစ်ထွန်းစေမှာပါ။ သင်ဟာ router များအပေါ်တွင် ကုန်ကျစားရိတ်အားလျှော့ချလိုပါက အမြန်ဆန်ဆုံးနှုန်းထားဖြင့် အရည်အသွေး သာလွန်ကောင်းမွန်သော Router ကိုအခမဲ့ရရှိစေနိုင်မည့် ကျွန်ုပ်တို့ရဲ့ တင်သွင်းအဆိုပြုချက်ကို ထည့်သွင်းစဉ်းစားပေးပါ။ အလွန်ဆိုးရွားသောနေရာများတွင် router ၂ခုထားရှိခြင်းသည်လည်း ဖြစ်နိုင်ဖွယ်ရှိသော ဖြေရှင်းချက်တစ်ခုဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်ဟာ သင့်ရဲ့ပန်းခြံ၊ အလုပ်ရုံ၊ ဂိုထောင်နှင့်အခြားသောနေရာများကိုပါ WiFi ကွန်ယက်ကိုရရှိစေမှာဖြစ်ပါတယ်။

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။