WhatsApp updates its terms and conditions to integrate with Facebook

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.1.2021 | Facebook နှင့် ပေါင်းစည်းမှုများပြုလုပ်နိုင်ရန်အတွက် WhatsApp မှ သူတို့ရဲ့ စည်းကမ်းချက်များကို update ပြုလုပ်ခဲ့

Express.co.uk မှ ရေးသားခဲ့တဲ့သတင်းများအရ WhatsApp ဟာ သူတို့ရဲ့အသုံုးပြုသူများကို အသစ်ပြောင်းလဲမှုများပြုလုပ်ခဲ့တဲ့ စည်းကမ်းချက်များအကြောင်းစတင်အသိပေးခဲ့ပြီး အဆိုပါစည်းကမ်းချက်များဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်စတင်သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ WhatsApp အသုံးပြုသူများဟာ ယခုဆိုရင် အထက်ပါအပြောင်းအလဲနှင့်ပတ်သက်တဲ့ in-app alert များကို ရရှိနေမှာဖြစ်ကာ “WhatsApp is updating its terms and privacy policy” ဟု ခေါင်းစဉ်တပ်ထားမှာဖြစ်ပြီး အသုံးပြုသူတိုင်းကို Update နဲ့ပတ်သက်တဲ့အဓိကအချက်များအား အသိပေးလျှက်ရှိနေပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ WhatsApp အသုံးပြုသူများက အဆိုပါ terms & condition များကို လက်ခံမှသာ app ကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပြီး အဆိုပါအသိပေးချက်တွင် WhatsApp မှ - “Agree ကို tap ပြုလုပ်လိုက်ခြင်းအားဖြင့် အသစ်ပြောင်းလဲလိုက်တဲ့ စည်းကမ်းများနဲ့ Privacy Policy လက်ခံရာရောက်မှာဖြစ်ပြီး အဆိုပါစည်းမျဉ်းများဟာ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှစတင်၍ အသက်ဝင်လာမှာဖြစ်ပါတယ်။ အဆိုပါရက်နောက်ပိုင်းမှာတော့ သင့်အနေနဲ့ WhatsApp ကိုဆက်လက်၍အသုံးပြုလိုပါက အဆိုပါ update ပြုလုပ်လိုက်တဲ့ စည်းမျဉ်းအသစ်များကို လက်ခံဖို့ လိုအပ်မှာဖြစ်ပြီး သင့်အနေနဲ့အကောင့်ကိုဖျက်သိမ်းလိုပါက၊ သို့မဟုတ် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက Help Center သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။

WhatsApp မှ ထုတ်ပြန်ချက်များအရ အဆိုပါ update တွင် WhatsApp ရဲ့ဝန်ဆောင်မှုနဲ့ သူတို့အနေနဲ့ အသုံးပြုသူများရဲ့ဒေတာများကို မည်သို့အသုံးပြုသွားမည်ဆိုသည့်အကြောင်းအသိပေးချက်များအပြင် လုပ်ငန်းများအနေနဲ့ Facebook hosted ဝန်ဆောင်မှုများကိုအသုံးပြုပြီး သူတို့ရဲ့ WhatsApp chat များကို မည်သို့သိမ်းဆည်းနိုင်မည့်အကြောင်းတို့နှင့်ပတ်သက်ပြီးလည်း update များပြုလုပ်ခဲ့ပါတယ်။ ယခုအသစ် ပြောင်းလဲလိုက်တဲ့ Privacy Policy အသစ်ဟာဆိုရင် WhatsApp ဟာ Facebook နဲ့အတူမည်သို့ ပူးပေါင်းမှုများပြုလုပ်သွားမည်ကိုလည်း ကြေငြာပေးခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။