Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Meta မှ ပိုင်ဆိုင်ထားသော encrypted messaging service ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုသူ user ပေါင်း (၂) ဘီလျံခန့်ရှိနေပြီဖြစ်သော WhatsApp ဟာ emoji reaction များကို Android ဖုန်းများအတွက် တည်ဆောက်ထားသော ၎င်းတို့ရဲ့ beta version တွင် ထည့်သွင်းပေးခဲ့တယ်လို့ သိရှိရပါတယ်။
WhatsApp feature များ အသစ်မထွက်မှီ အမြဲတမ်းတိတိကျကျဖော်ပြပေးလေ့ရှိသော ဆိုဒ်တစ်ခုဖြစ်တဲ့ WABetaInfo မှ ရေးသားထားတဲ့ အဆိုပါသတင်းအရ emoji reaction များဟာ WhatsApp ရဲ့ Android app beta version 2.22.8.3 တွင် စတင်ပါဝင်လာမှာဖြစ်ပြီး အသုံးပြုသူများအနေနဲ့ မိမိတို့ထံရောက်ရှိလာသော message များကို reaction များဖြင့် မြန်ဆန်စွာတုန့်ပြန်မှုပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
လက်ခံရရှိလာတဲ့ message ကို ကြာကြာဖိနှိပ်ထားလိုက်တာနဲ့ အသုံးပြုသူအနေနဲ့ - Thumbs up, Heart, Crying, Laughter, Shocked face နှင့် Folded hands ဆိုတဲ့ emoji (၆) ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ feature ဟာ iOS နဲ့ desktop application များထံသို့လည်း မကြာမှီရောက်ရှိလာတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။