WhatsApp said it will not lower the security of it's messenger service

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.8.2022 | WhatsApp မှ ၎င်းတို့ရဲ့ Message ပေးပို့ခြင်းဝန်ဆောင်မှုအတွက် လုံခြုံရေးကိုလျှော့ချပေးသွားရန်မရှိကြောင်း ပြောဆို

WhatsApp ရဲ့အကြီးအကဲမှ ၎င်းတို့ရဲ့ Messenge ပေးပို့ခြင်းဝန်ဆောင်မှုအတွက် "လုံခြုံရေးပမာဏ" ကို လျှော့ချသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး အစိုးရအဖွဲ့တစ်ရပ်ရပ်မှ encryption နည်းပညာကို လျှော့ချပေးဖို့တောင်းဆိုလာခဲ့ရင်တောင်မှ ဒီဟာကိုလက်ခံပေးခြင်းဟာ "အလွန်မိုက်မဲခြင်း" သာဖြစ်တယ်လို့ BBC သတင်းဌာနသို့ Will Cathcart က ပြောကြားခဲ့ပါတယ်။ 

End-to-end encryption (E2EE) နည်းပညာဟာ အမြင့်မားဆုံးလုံခြုံရေးကို ပေးစွမ်းနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်းအားဖြင့် ရည်ရွယ်ထားတဲ့လက်ခံရရှိမည့်သူတစ်ဦးတည်းကသာ အဆိုပါ Message များကို တွေ့မြင်ရမှာဖြစ်ပြီး ဒါဟာ သီးခြားဆက်သွယ်ပြောဆိုမှုများအတွက် အဓိကအခြေခံအကျဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ 

ဒိနည်းပညာဟာ WhatsApp နှင့် Signal အပါအဝင် online ပေါ်ရှိ app များမှတဆင့် ဆက်သွယ်ပြောဆိုမှုများတွင်အသုံးပြုထားသည့်နည်းပညာတစ်ခုဖြစ်ပြီး Facebook Messenger နှင့် Telegram တို့တွင်လည်း အဆိုပါနည်းပညာကို ရွေးချယ်အသုံးပြု၍ရနိုင်အောင် "Private Message" အမည်ဖြင့် ထည့်သွင်းပေးထားပြီဖြစ်တဲ့အတွက် တစ်ဦးချင်းစီဆက်သွယ်ပြောဆိုမှုများကို နည်းပညာကုမ္ပဏီကြီးများအပါအဝင် အခြားမည်သူတစ်ဦးတစ်ယောက်ကမှတွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။