Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
The Verge မှ သတင်းတစ်ပုဒ်အရ WhatsApp ဟာ Discord server များရဲ့ လုပ်ဆောင်ချက်များနဲ့ အသွင်တူတဲ့ Administrator များအနေနဲ့ group chat များကို group ကြီးတစ်ခုအောက်တွင် စုစည်းတည်ဆောက်၍ ရနိုင်စေမယ့် Communities လို့အမည်ပေးထားတဲ့ feature အသစ်တစ်ခုကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
ဥပမာအားဖြင့် သင့်အနေနဲ့ အကြီးစားခေါင်းစဉ်တစ်ခုအောက်ရှိ top-level community chat တစ်ခုရဲ့အောက်တွင် ပိုမိုသေးငယ်တဲ့ group chat များနဲ့ ချိတ်ဆက်၍တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကောလိပ်သင်တန်းတစ်ခုရဲ့ community အောက်တွင် အဆိုပါမူရင်း group နဲ့ ချိတ်ဆက်ထားတဲ့ သက်ဆိုင်ရာ study group chat များကို ဖွဲ့စည်းတည်ဆောက်နိုင်ကြတော့မှာဖြစ်ပါတယ်။
အဆိုပါ chat group များအားလုံးကို end-to-end encryption နည်းပညာဖြင့် အကာအကွယ်ပြုလုပ်ပေးထားမှာဖြစ်တယ်လို့လည်း သိရှိရပြီး Admin များအနေနဲ့ ၎င်းတို့ရဲ့ community များသို့ လူတစ်ဦးချင်းစီကို manual ဖိတ်ကြားခြင်း (သို့မဟုတ်) invitation link ကို ဖော်ပြပေးခြင်း အားဖြင့် ဖိတ်ကြားမှုများကိုပြုလုပ်နိုင်မှာဖြစ်သလို အဆိုပါ group များကို ကြီးကြပ်မှုပြုလုပ်သူများအနေနဲ့လည်း community တစ်ခုလုံးကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ tool များကို ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေမှာတော့ အဆိုပါ feature ကို စမ်းသပ်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် အခြားသောအသေးစိတ်အချက်အလက်များကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။