WhatsApp has rolled out 2 new features for Andorid and iOS devices

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.6.2021 | Android နှင့် iOS device များအတွက် WhatsApp မှ လုပ်ဆောင်ချက်အသစ်နှစ်ခုကို ထုတ်လွှင့်ပေးခဲ့ 

Express.co.uk မှ သတင်းတစ်ပုဒ်အရ WhatsApp ဟာ iPhone နှင့် Android အသုံးပြုသူများအတွက် လုပ်ဆောင်ချက်အသစ်နှစ်ခုကိုထုတ်လွှင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။ 

ပထမဆုံးလုပ်ဆောင်ချက်အသစ်ကတော့ - ယခုအခါ အသံ message များရဲ့ playback ကို ၁.၅ ဆ (သို့) ၂ ဆ မြန်နှုန်းသို့ပြောင်းလဲ၍နားဆင်နိုင်မှာဖြစ်ပြီး Application အတွင်းပေးပို့လာခဲ့တဲ့ အသံ message များကို သင့်ရဲ့ chat window ပေါ်သို့ရောက်လာသည့် အစီအစဉ်အတိုင်း အလိုအလျှောက် ဆက်တိုက်ဖွင့်ပေးသွားနိုင်တော့မှာဖြစ်ပါတယ်။ 

ဒုတိယလုပ်ဆောင်ချက်အသစ်ကတော့ - သင့်ကို တစ်စုံတစ်ဦးက “@” သင်္ကေတကို အသုံးပြု၍ mention ခေါ်ခြင်း (သို့) သင်ပြောထားတဲ့ စာတစ်ကြောင်းကို reply ပြန်ခြင်းတို့ပြုလုပ်လာတဲ့အခါတွင် App အတွင်း လက်ရှိပြောဆိုနေသည့် စကားပြောဆိုမှုများတွင် “@” သင်္ကေတလေးကိုတွေ့မြင်နေရမှာဖြစ်ပါတယ်။ ယခုအခါ အဆိုပါ update အသစ်ကို iPhone များအတွက် App Store တွင် download ပြုလုပ်နိုင်နေပြီဖြစ်ပြီး Android ဖုန်းများအတွက်ကိုတော့ Play Store မှတဆင့် download ပြုလုပ်၍ရယူနိုင်နေပြီပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။